ပထုန်ဌာနီခရိုင်ရှိ ကြက်ဝိုင်း၌ မြန်မာနိုင်ငံသားချင်း ဓားဖြင့်ထိုးပြီးသတ်ဖြတ်ခဲ့သူကို အခင်းဖြစ်ပြီး (၅)ရက်အကြာတွင်ဖမ်းမိခဲ့
ကျော်(NSS) - ဒီဇင်ဘာ ၃၀
ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်၊ လတ်လွန်ကျောမြို့၊ နားမိုင်းရပ်ရှိ ကြက်ဝိုင်းတစ်ခုတွင် မြန်မာနိုင်ငံသားချင်း ဓားဖြင့်ထိုးပြီးသတ်ဖြတ်ခဲ့သူကို အခင်းဖြစ်ပြီး(၅)ရက်အကြာ၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ဖြစ်စဥ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်၊ ညပိုင်းက ပထုန်ဌာနီခရိုင်၊ လတ်လွန်ကျောမြို့နယ်၊ နားမိုင်းရပ်ရှိ ကြက်ဝိုင်းတစ်ခုတွင် အသက်(၂၀)နှစ်အရွယ်ခန့် နှင့်အသက်(၃၀)နှစ်အရွယ်ခန့်ရှိ မြန်မာနိုင်ငံသားနှစ်ဦး အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။
"ကျွန်တော်တို့သိရသလောက်ဆိုရင် ကြက်ဝိုင်းမှာပစ္စည်းပျောက်တာတွေခဏခဏဖြစ်နေတဲ့အတွက် သူတို့နှစ်ယောက်ကို ညစောင့်အိပ်ဖို့ခေါ်ထားတာလို့သိရတယ်။ အရက်မူးနေကြတော့ စကားများရာကနေ မထိန်းနိုင်ဘဲဓားထိုးမှုဖြစ်သွားတာပါ"ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင် ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူ ကိုကျော်ကျော်က NSS ကိုပြောသည်။
ထိုသို့ စကားများရန်ဖြစ်ရာမှ ပြစ်မှုကျူးလွန်သူ အသက် (၃၀)နှစ်အရွယ်ခန့်ရှိ အမျိုးသားက အသက်(၂၀) နှစ်အရွယ်ခန့်ရှိ အမျိုးသားအား ဓားဖြင့်ထိုးခဲ့ရာ ဦးခေါင်း ၌ထိုးသွင်းဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
"ဓားထိုးခံရပြီးသေသွားတဲ့ကောင်လေးက အလုပ်ဝင်တာမကြာသေးဘူးတဲ့။ ဓားနဲ့ထိုးတဲ့ကောင်လေးကတော့ အခင်းဖြစ်နေရာကနေ ထွက်ပြေးသွားတာကြောင့် ရဲစခန်းက အမှုဖွင့်ပြီး သူ့ကိုဖမ်းမိဖို့အတွက် စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့တယ်။ ဖမ်းဆီးရမိပြီဖြစ်တဲ့အတွက် သူ့အပြစ်နဲ့သူခံရမယ့် ပြစ်ဒဏ်ကိုခံယူရမှာပါ။သေဆုံးသွားတဲ့ကောင်လေးနဲ့ပတ်သက်တဲ့လုပ်ဆောင်ပေးရမယ့်ဟာတွေကို ကျွန်တော်တို့က တတ်နိုင်သ လောက်ဝိုင်းကူပေးသွားပါ့မယ်"ဟု ကိုကျော်ကျော်က NSS ကိုပြောသည်။
ပြစ်မှုကျူးလွန်ခဲ့သည့် အသက်(၃၀)နှစ်အရွယ်ခန့်ရှိ မြန်မာနိုင်ငံသားအား အခင်းဖြစ်ပြီး (၅)ရက်အကြာ (ဒီဇင်ဘာလ ၂၉ ရက်)တွင် ချခြင်ဆောင်ခရိုင်၊ ဖနွန်စမ်ခမ်မြို့နယ်၊ ဗန်းဆောင်းရပ်ရှိ နေအိမ်တစ်လုံးရှေ့၌ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူအား အမှုဖွင့်လှစ်ထားသည့် လတ်လွန်ကျော်ရဲစခန်းသို့ပို့ဆောင်ကာ သက်ဆိုင်ရာဥပဒေအရအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တအာင်းလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ၏ ပြောစကားနှင့်ပတ်သက်ပြီး တရုတ်အစိုးရ ပြန်လည်တုံ့ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း