ဘီးလင်းမြို့နယ်၌ လမ်းအင်ဂျင်နီယာတစ်ဦး လမ်းကြိတ် စက်ဖြင့် ကြိတ်ခံရ၍ သေဆုံး
သန့်ဇင်၊ စော (NSS) - ဒီဇင်ဘာ ၂၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် လမ်းအင်ဂျင်နီယာတစ်ဦး လမ်းကြိတ်စက်ဖြင့် ကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်သည် ယနေ့(ဒီဇင်ဘာလ ၂၈ ရက်)၊ မွန်းလွဲ (၁)နာရီဝန်းကျင်အချိန်တွင် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး၊ ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘီးလင်မြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်ထံမှ သိရသည်။
“သူနဲ့နောက်တစ်ယောက်က လမ်းတိုင်းဖို့ ကြိုးဆွဲနေတဲ့အချိန် သူကနောက်ပြန်ကြိုးဆွဲလာတယ်။ လမ်းကြိတ် စက်ကလည်း နောက်ပြန်မောင်းလာတယ်။ အဲဒီမှာ နောက်ပြန်ဆိုတော့ မမြင်ရပဲကြိတ်မိသွားတာပါ။ ခါးတစ်ပိုင်းနဲ့ ညာဘက်တစ်ခြမ်းလုံး ကြိတ်မိသွားတယ်။ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားပါတယ်”ဟု ဘီးလင်မြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် သထုံမြို့နယ်တွင် နေထိုင်သော အသက် (၄၈)နှစ် ဝန်းကျင်အရွယ်ရှိ လမ်းအင်ဂျင် နီယာတစ်ဦးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ၎င်း၏ ရုပ်အလောင်းအား ဘီးလင်းမြို့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း