မိတ္ထီလာမြို့တွင် ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်သူသေဆုံး
Pearl (NP News) - မတ် ၁၆
မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်သူသေဆုံးသွားခဲ့ကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁၅ ရက်)၊ ည (၁ဝ)နာရီအချိန်ခန့်တွင် မိတ္ထီလာမြို့နယ်၊ မြို့သစ်စက်မှု လယ်ယာရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ စက်မှုလယ်ယာရှေ့တွင် ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်သူသေဆုံးသွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
"ည(၁ဝ)နာရီလောက်က ဖြစ်သွားတာပါ။ ကားသမားက တိုက်ပြီးပြေးတော့ ဘယ်လိုဖြစ်ပြီး တိုက်လဲမသိလိုက်ရဘူး။ ဆိုင်ကယ်သမားက နေရာမှာပဲဆုံးသွားတယ်၊ ခန့်မှန်း အသက်က (၅ဝ) နဲ့ (၆ဝ)ကြားပဲ" ဟု ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထား သည်။
ဆိုင်ကယ်မောင်းနှင်သူသည် ကျိုးပဲ့ဒဏ်ရာများနှင့် ဦးနှောက်ပွင့်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်းသေဆုံးသူအား မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။
သေဆုံးသူသည် အသက် (၅ဝ)မှ (၆ဝ)နှစ်ဝန်းကျင်ခန့်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနှင့်ပတ်သက်သော အခြားအချက်အလက်များကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း လူမှုကူညီရေးအသင်းထံမှသိရသည်။
zawgyi version
Pearl (NP News) - မတ် ၁၆
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံပိုင်နှင့် ပုဂ္ဂလိက စက်ရုံများ စွမ်းအားပြည့်လည်ပတ်ပါက (၁)နှစ်လျှင် သံမဏိတန်ချိန် (၁)သန်းခန့် ထုတ်လုပ်နိုင်မည်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း