မုံရွာမြို့တွင် ကားတစ်စီးက ဆိုင်ကယ်အားဝင်တိုက်ပြီးမောင်းနှင်ထွက်ပြေးသွားမှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကားတစ်စီးက ဆိုင်ကယ်အား ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မုံရွာမြို့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာလ ၂၈ ရက်)၊ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မုံရွာမြို့၊ ဗိုလ်တေဇလမ်း၊ မန်းကျည်းအုပ်ဘုန်းကြီးကျောင်းအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ရှေ့ကမောင်းနေတဲ့ ဆိုင်ကယ်ကို ကြက်တွေတင်လာတဲ့ကားက နောက်ကဝင်ချိတ်တာပေါ့။ သိရတာတော့ အဲဒီတိုက်တဲ့ကားက မောင်းပြေးသွားတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် မုံရွာမြို့တွင်နေထိုင်သည့် ဆိုင်ကယ်ယာဉ်မောင်းဖြစ်သူ အသက်(၆၀)ဝန်းကျင်အမျိုးသားတွင် ဦးခေါင်းထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“အတိုက်ခံရတဲ့ ဆိုင်ကယ်ကလူက စိုးရိမ်ရတဲ့အခြေအ နေပေါ့။ သတိကရတစ်ချက်မရတစ်ချက်နဲ့။ ကျန်တာတွေတော့ သက်ဆိုင်ရာက ပဲဆက်ပြီးလုပ်နေပါတယ်။ အဲဒီလမ်းပေါ်မှာက တစ်နေ့ကို (၂)ခါ(၃)ခါလောက်ကိုဖြစ်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရှိသူအမျိုးသားအား မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမုံရွာမြို့မှ မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ယာဉ်တိုက်မှုကျူးလွန်သူအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးနှင့် နိုင်ငံတကာက ၂၄ နာရီအတွင်းဖြစ်ပေါ် ပြောင်းလဲမှုသတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း