အသက်(၆ဝ)အရွယ်ရှိ ဆိုင်ကယ်ကယ်ရီသမားကို ဓားဖြင့်(၁၅)ချက်ခန့်ထိုးသတ်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အသက်(၆ဝ)အရွယ်ရှိ ဆိုင်ကယ်ကယ်ရီသမားကို ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၂၇ ရက်)၊ နံနက် ၁ဝ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် မုဒုံမြို့နယ် နှင့် သံဖြူဇရပ်မြို့နယ်အကြားရှိ ဖောင်စိန်ဂိတ်အနီး၊ လမ်းကြားတစ်နေရာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“သတ်တဲ့လူက ဆိုင်ကယ်ကယ်ရီငှားပြီး ဖောင်စိန်ဂိတ်အနားက လမ်းကြားလေးထဲမှာ ဓားနဲ့ထိုးသတ်ပြီး ဆိုင်ကယ် လုသွားတာ။ အဲဒီနေရာက မြို့ပြင်ဘက်မှာရှိတဲ့နေရာပေါ့” ဟု စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် မင်းသီဟဆိုင်ကယ်ကယ်ရီဂိတ်မှ အသက်(၆ဝ)ဝန်းကျင် အမျိုးသားသည် ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာ(၁၅)ချက်ခန့်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အသက်ခံရတဲ့ ဦးလေးကြီးက ဓားနဲ့အထိုးခံရတာ။ ခန္ဓာကိုယ်အနှံ့မှာ ဓားဒဏ်ရာ (၁၅) ချက်လောက်ရှိမယ်။ တော်တော်လည်း များတယ်။ သတ်တဲ့လူကိုလည်း ရဲတွေက လိုက်ဖမ်းနေတုန်းပဲ။ အခုလိုဖြစ်စဉ်က ဒီမှာ ပထမဆုံး ဖြစ်တာ။ အရင်ကတော့ မဖြစ်ဖူးပါဘူး။ အသက်ခံရတဲ့ ဦးလေးကြီး မိသားစုနဲ့တော့ အဆက်သွယ်ရပါတယ်” ဟု အထက်ပါအသင်းမှ တာဝန်ရှိသူက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ မုဒုံမြို့နယ်၊ ကမာဝက်တိုက်နယ် ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာမှ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
City Taxi ယာဉ်မောင်းများ အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့လာပါက Alarm ပေးနိုင်သည့် အချက်ပြမီးစနစ် တပ်ဆင်နိုင်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း