မော်လမြိုင်မြို့၌ တွဲကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ
စော (NSS) - ဒီဇင်ဘာ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တွဲကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၂၅ ရက်)၊ ညနေ (၃)နာရီဝန်းကျင်အချိန်တွင် မော်လမြိုင်မြို့၊ မြို့ရှောင်လမ်း၊ ဝက်သက်ကုန်းအနီး၌ အထက်ပါကဲ့သို့ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာချမ်းသာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“မန္တလာမင်းက တွဲကားပါ။ သူတို့နေရာက ကွေ့ဖြစ်နေတော့ ဆွဲကွေ့လိုက်တာဖြစ်မယ်။ ပက်လက်တော့ မလန်သွားဘူး။ တစ်ဇောင်းလဲသွားတာပေါ့။ အားလုံးတော့ (၄)ယောက်ပါလာတယ်။ (၂)ယောက်တော့ နည်းနည်း ထိခိုက်ဒဏ်ရာရတယ်။ သိပ်စိုးရိမ်စရာတော့မရှိပါဘူး”ဟု ကျန်းမာချမ်းသာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ တွဲကားပေါ်တွင် အမျိုးသား (၄)ဦး လိုက်ပါစီးနင်းလာခဲ့ပြီး ၎င်းတို့အနက် အမျိုးသား(၂)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စဉ့်ကိုင်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ ၊ ဆရာမများကို အကြမ်းဖက်အဖွဲ့က စာ(၇)စောင်ပေးပို့ကာ ခြိမ်းခြောက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း