သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်ရက်တည်း၌ ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရ
စော(NSS) - ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၌ လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးအား ကားတစ်စီးမှ ဝင်တိုက်မိခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မျှဝေခံစားတွဲလက်များပရဟိတအသင်းထံမှ သိရသည်။
အဆိုပါအမျိုးသားသည် ယမန်နေ့(ဒီဇင်ဘာလ ၂၄ ရက်)၊ ည(၁၀)နာရီဝန်းကျင်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမကြီးပေါ် စံပြဈေးနားရှိ အီလက်ထရောနစ်ဆိုင်ရှေ့တွင် ကားတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းလျှောက်နေတဲ့လူကို ကားကတိုက်မိတာပါ။ စံပြဈေး (ငမိုးရိပ်) နားက အီလက်ထရောနစ်ဆိုင်ရှေ့လောက်မှာဖြစ်သွားတာပါ။ ကားက တိုက်ပြီး မောင်းပြေးသွားတာပါ။ လူနာကို မြောက်ဥက္ကလာဆေးရုံကို ပို့ထားပေးပါတယ်”ဟု မျှဝေခံစားတွဲလက်များပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ကားတိုက်ခံရမှုကြောင့် အသက်(၂၀)ဝန်းကျင်အရွယ်ရှိ ကိုဟိန်းဇော်စိုးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအား မြောက်ဥက္ကလာရှိ မေဓာဝီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ အဆိုပါနေ့ ည (၁၁) နာရီဝန်းကျင်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၅)ရပ်ကွက်၊ သံသုမာလမ်းမကြီး၊ ကျောင်းလမ်းကားမှတ် တိုင်နား၌ ဆိုင်ကယ်နှင့် TAXI ကားတို့ တိုက်မိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းထံမှ သိရသည်။
ထို့သို့ တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ အမျိုးသားသည် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဒေါ်လာ(၉၂)သန်း ကုန်ကျနိုင်မည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေး နှင့် စက်မှုဇုန်စီမံကိန်းကို မြိတ်မြို့၌ ဖော်ဆောင်ရန် စတင်ပြင်ဆင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း