ISIS အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်နေသည်ဟု သံသယရှိသူ လူ(၃၀၀)ကျော်ကို တူရကီရဲတပ်ဖွဲ့ဖမ်းဆီး
Pika (NSS) - ဒီဇင်ဘာ ၂၃
တူရကီရဲတပ်ဖွဲ့ နှင့် အကြမ်းဖက်မှုတုံ့ပြန်ရေးတပ်ဖွဲ့တို့သည် ISIS အကြမ်းဖက်အဖွဲ့နှင့်ဆက်နွယ်နေသည်ဟု သံသယရှိသူ (၃၀၄)ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးအလီယာလီကာယာက ဒီဇင်ဘာလ(၂၂)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
‘Operation Heroes-34’ ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြည် နယ်(၃၂)ခုတွင် တစ်ပြိုင်နက်ဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အလီယာလီကာယာကပြောကြားခဲ့သည်။ သံသယရှိသူ အများစုကို အန်ကာရာမြို့၊ အစ္စတန်ဘူလ်မြို့ နှင့် အဇ်မီးယားမြို့တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလီယာလီကာယာ တင်ထားသော ပို့စ်တစ်ခုတွင် ရဲတပ်ဖွဲ့များကို နေအိမ်များအတွင်းဝင်ရောက်စီးနင်းခဲ့ပြီးနောက် လက်ထိပ်များခတ်ကာ ဖမ်းဆီးထားသည့် အမျိုးသားများကိုပြသထားသည့် ဗီဒီယိုဖိုင်တစ်ခုပါဝင်ကြောင်းသိရသည်။
သို့သော်လည်း သံသယရှိသူများ၏ နာမည်များကို လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်းမျိုးမရှိသေးကြောင်းလည်းသိရသည်။ အလီယာလီကာယာက "ကျွန်တော်တို့ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး နဲ့ စည်းလုံးညီညွတ်မှုတွေအတွက် အကြမ်းဖက် သမားတွေကို နိုင်ငံတွင်းမှာ ခွင့်ပြုမှာမဟုတ်ပါဘူး။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့အတူ ကျွန်တော်တို့ဆက်လက်တိုက်ပွဲဝင်သွားမှာပါ"ဟု ပြောဆိုခဲ့သည်။
တူရကီတွင် အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခံထားရသည့် ကာဒစ်စတန်အလုပ်သမားပါတီ(PKK)၏ လုပ်ဆောင်မှုဟုယူဆရသည့် အန်ကာရာမြို့ရှိ အစိုးရအဆောက်အဦးအပြင်ဖက်တွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် တူရကီအစိုးရသည် အကြမ်းဖက်နှိမ်နှင်းရေး စစ်ဆင်ရေးများကို ပြီးခဲ့သည့်လများအတွင်း ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရလဒ်အနေဖြင့် သံသယရှိသူ လူ(၉၀)ဦးကို ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ဆီးရီးယားတွင် လုပ်ဆောင်နေသော တူရကီထောက်လှမ်းရေးစစ်ဆင်ရေးအတွင်း ISIS အဖွဲ့၏ ခေါင်းဆောင်ဟုသံသယရှိသူ Abu al-Husseini al-Qurashi ကို သတ်ပစ်ခဲ့ကြောင်း တူရကီသမ္မတအာဒိုဂန်က ပြီးခဲ့သည့်မေလတွင် ထုတ်ပြန်ကြေညာခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသွားဝင်ရောက်မှုနည်းပါးခြင်းကြောင့် ခရီးသွားကုမ္ပဏီ (၈၀)ရာခိုင်နှုန်းခန့် ရပ်တန့်နေလျက်ရှိပြီး ပြန်လည်လည်ပတ်နိုင်ခြင်းမရှိသေးဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း