နွားဝယ်ရန်လာသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှု ရွှေတောင်မြို့နယ်၌ဖြစ်ပွား
NSS - ဒီဇင်ဘာ ၂၂
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်တွင် နွားဝယ်ရန်လာသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ကာ ငွေကျပ်သိန်း(၂၀)အား လုယက်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သော (ဒီဇင်ဘာလ ၁၉ ရက်)၊ မွန်းလွဲ ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် ရွှေတောင်မြို့နယ်၊ ဆိတ်ကြီးကျေးရွာလမ်းဆုံ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးညိုမြို့နယ်၊ ဖမ်ခါးပင်ကျေးရွာအုပ်စု၊ ခြောက်အိမ်တန်းကျေးရွာနေ ဦးမျိုးနိုင်(ခ)ကရင်(၄၂)နှစ်သည် နွားဝယ်ရန်အတွက် နေအိမ်မှ တစ်ဦးတည်း ဆိုင်ကယ်ဖြင့်ထွက်ခွာလာစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့ဝင်(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးနိုင်(ခ)ကရင်၏ ယာပါးနှင့် လည်ကုပ်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက်ရရှိခဲ့ကာ လဲကျနေစဉ် နွားဝယ်မည့် ငွေကျပ်သိန်း(၂၀) အား PDF အဖွဲ့ဝင်(၃)ဦးက လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိသူအား ရွှေတောင်မြို့ရှိ တပ်မတော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူဦးရေ (၁)သန်းနီးပါးအတွက် ကျေးလက်ရေ ရရှိရေးလုပ်ငန်း (၁၂၀၀)ခန့်ကို ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း