မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာရှိ ယာယီအုပ်ချုပ်ရေးမှူး ထပ်မံသတ်ဖြတ်ခံခဲ့ရပြီး (၃)ဦးမြောက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်
Pearl (NSS) - ဒီဇင်ဘာ ၂၀
မင်းလှမြို့နယ် ၊ စမ်းဘုတ်ကျေးရွာရှိ ယာယီအုပ်ချုပ်ရေးမှူး ထပ်မံသတ်ဖြတ်ခံခဲ့ရပြီး (၃)ဦးမြောက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်)၊ ည (၇) နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စမ်းတောင်ကွေ့ ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာတွင် ယာယီ အုပ်ချုပ်ရေးမှူးတာဝန်ယူထားသော ဦးတင်ဦးအား စမ်းတောင်ကွေ့ကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် (၃)ချက်ခန့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
"ဖြစ်စဉ်မှန်ပါတယ်။ စမ်းဘုတ် အုပ်ကြီးတွေ အကုန်အသတ်ခံရတာ ခုဆို ၃ယောက်မြောက်ပဲ။ အုပ်ကြီး အသစ်က အသက်ငယ်တယ်။ အသက်တော့ မမှန်းတတ်ဘူး။ ယခင်က အသတ်ခံရတဲ့အုပ်ကြီး နှစ်ယောက်က ညီအစ်ကိုဝမ်းကွဲ တော်တယ်။ ယခု အုပ်ကြီးက တော့ အရင်လူတွေနဲ့ ဆွေမျိုးမတော်ဘူး။ သူ့ကို တိတ်တိတ်ကလေး ခန့်ထားတာ ဘယ်သူမှ မသိဘူးလို့ ကြားမိတယ်"ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ဦးတင်ဦးသည် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာယီ အုပ်ချုပ်ရေးမှူးတာဝန်ယူထားသော ဦးတင်ဦးအား စမ်းတောင်ကွေ့ ကျေးရွာထိပ်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF အဖွဲ့)က ထုတ်ပြန်ထားသည်ကိုလည်းတွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
IBEC ကျောင်း၌ စစ်ဘေးရှောင်ဒေသများမှ ကလေးငယ် (၆၀)ကျော်ကို ပညာသင်ကြားပေးလျက်ရှိဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း