ကားအင်ဂျင်ခန်းမှမီးစလောင်၍ Express ကားတစ်စီးလုံးပျက်စီးဆုံးရှုံးခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား
ကျော်(NSS) - ဒီဇင်ဘာ ၁၉
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ကားတစ်စီး၏ အင်ဂျင်ခန်းမှမီးစတင်လောင်ကျွမ်းရာမှ ကားတစ်စီးလုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။
ဖြစ်စဥ်သည် ယနေ့(ဒီဇင်ဘာလ ၁၉ ရက်)၊ နံနက် ၆ နာ ရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ပေပင်လေးအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၂၄၆/၃ နှင့် ၂၄၆/၄ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ အမျိုးသား(၇)ဦးနှင့်အမျိုးသမီး(၁)ဦးတို့လိုက်ပါလာသည့် ခရီးသည်တင် Express ကားသည် အခင်းဖြစ်နေရာအရောက်၌ ကားနောက်ရှိ အင်ဂျင်ခန်းမှတဆင့်မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
"ကားအင်ဂျင်ခန်းကနေ မီးစလောင်ပြီး လမ်းပေါ်မှာထိုးရပ်သွားတယ်။ ခရီးသည်တွေအများကြီးမပါဘူး။အကုန် လုံးပြေးဆင်းနိုင်ခဲ့ကြတယ်။ ကားပေါ်မှာက ကားမောင်းတဲ့လူအပါအဝင် ၈ ယောက်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့လူတစ်ယောက်မှမရှိပါဘူး။ ကားကတော့တစ်စီးလုံးမီးလောင်ပျက်စီးသွားတယ်။ လိုအပ်တဲ့စစ်ဆေးတာတွေလုပ်နေပါတယ်"ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက NSS ကိုပြောသည်။
မီးလောင်မှုအား ပေပင်လေးအမြန်လမ်းမီးသတ်စခန်း၊ဘုရားတောင်အမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များကသွားရောက်ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၆ နာရီ ၅၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
"အဓိကက အမြန်လမ်းပေါ်မှာမောင်းတော့မယ်ဆိုရင် ကားရဲ့ကြံ့ခိုင်မှု၊ ကားမောင်းတဲ့လူရဲ့လန်းဆန်းနေမှုအပေါ်မှာမူတည်တယ်။ ကိုယ်တိုင်မောင်းမယ်ဆိုရင်လည်း လန်းလန်းဆန်းဆန်းရှိနေသင့်တယ်။ ဒါမှအိပ်မငိုက်မှာ ဘေးကနေလည်းတစ်ယောက်ကထိုင်ပြီး ကားမောင်းတဲ့လူအိပ်မငိုက်အောင်စကားတွေပြောပေးသင့်တယ်။ လမ်းကြောကအရှည်မောင်းရတာဖြစ်တဲ့အတွက် ခရီးသည်တင်ကားတွေ၊ အမြန်လမ်းပေါ်ဖြတ်သန်းခွင့်ပြုထားတဲ့ ကုန်ကားတွေဆိုရင် ကားမောင်းတဲ့လူ ၂ ယောက်ရှိသင့်တယ်။ အမြန်လမ်းမှာမောင်းပြီဆိုရင်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ပုံမှန်လေးပဲမောင်းသင့်တယ်"ဟု ဝါရင့်ကားမောင်းသူတစ်ဦးဖြစ်သည့် ဦးမျိုးနိုင်စိုးက အကြုံပြောကြားခဲ့သည်။
ယမန်နေ့(ဒီဇင်ဘာလ ၁၈ ရက်)၊ နံနက်ပိုင်းကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၂၉/၇ အနီးတွင် ရန်ကုန်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့မောင်းနှင်လာသည့် (၁၀)ဘီးကုန်တင်ကား၏ ကားမောင်းသူအိပ် ငိုက်ပြီး အရှိန်းမထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိထန်းပင်အားပွတ်တိုက်မိ၍မီးလောင်ကာ လမ်းလယ်ကျွန်းပေါ်ရောက်ရှိရပ်တန့်သွားခဲ့ကြောင်း သိရသည်။
သို့သော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိကြောင်း အမြန်လမ်းမီး သတ်တပ်ဖွဲ့စခန်းမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျန်းမာရေးကဏ္ဍကို တိုက်ခိုက်ခြင်းသည် အပြစ်မဲ့ပြည်သူလူထုအားဦးတည်၍ သစ္စာမဲ့စွာ အကြမ်းဖက်ခြင်းဖြစ်ဟု တပ်ချုပ်ဝေဖန်ပြစ်တင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း