ရန်ကုန်မြို့လယ်ရှိ ဘာသာရေးကျောင်း၌ ကျောင်းသားကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့သူ (၂)ဦးထွက် ပြေးလွတ်မြောက်နေ
မြူနစ် (NSS) - ဒီဇင်ဘာ ၁၈
ရန်ကုန်မြို့လယ်ရှိ ဘာသာရေးကျောင်း၌ ကျောင်းသားကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့သူ (၂)ဦး ထွက် ပြေးလွတ်မြောက်နေလျက်ရှိကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ်၊ (၂၆)လမ်းရှိ မဒရ်ဆာနူရ်ရွန်အစ္စလာမ်ဘာသာရေးကျောင်းတွင် ကျောင်းဆရာဖြစ်သော မော်လဝီမူ ဆာ နှင့် မော်လဝီအဗ္ဗဒူလ်ရာရှစ်တို့သည် ကျောင်းသားကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအာသာဖြေခြင်းတို့ကို ကျူးလွန်းခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။
ထို့ပြင် ၎င်းကျောင်းဆရာ(၂)ဦးသည် ယင်းဘာသာရေးကျောင်း၌ ကျောင်းသားကလေးငယ်များကို ကျောင်းတွင်းလိင်အကြမ်းဖက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအာသာဖြေခြင်းကိစ္စရပ်များကို ပြုလုပ်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၂ ရက် ရက်စွဲဖြင့်ကျောင်း၏ဂေါပက လူကြီးများရှေ့တွင် ဝန်ခံကတိပြုထားသည်ဆိုသော စာရွက်သည်လည်း ပျံ့နှံ့ခဲ့ဖူးသည်။
ထိုသို့ သတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းအနေဖြင့် အချိန်မီ စုံစမ်းစစ်ဆေးအရေးယူခြင်း မရှိခဲ့သည့် အပေါ်တွင်လည်း ဝေဖန်ပြစ်တင်ခံရမှုများ ရှိခဲ့သည်။
ပြီးခဲ့သော ဒီဇင်ဘာလ ၁၅ ရက် ညပိုင်းတွင် ပန်းဘဲတန်းမြို့မရဲစခန်း၌ အထက်ပါကျောင်းဆရာနှစ်ဦးဖြစ်သော မော်လဝီမူ ဆာ နှင့် မော်လဝီအဗ္ဗဒူလ်ရာရှစ်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၇၇/၅၁၁ ဖြင့် အမှုဖွင့်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
ယင်းကဲ့သို့ အမှုဖွင့်လှစ်ထားသော်လည်း ၎င်းကျောင်းဆရာနှစ်ဦးအား လက်ရှိတွင် ဖမ်းဆီးရမိခြင်းမရှိသေးဘဲ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
“ပြေးသွားပြီလို့ကြားတယ်။ တစ်ချို့က ပြောတာတော့ ထိုင်းနိုင်ငံကိုတောင် ရောက်နေလို့ ပြောနေကြတယ်။ ရဲတပ်ဖွဲ့ကတော့ လိုက်ဖမ်းနေတယ်လို့ ပြောတာပဲ။ အဲဒါက ရဲအရေးပိုင်တဲ့ကိစ္စဖြစ်ရက်သားနဲ့ကို ထိထိရောက်ရောက် မလုပ်နိုင်တာ။ ရဲတွေရဲ့ ပေါ့လျော့မှုလည်း ပါတာပေါ့”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက သုံးသပ်ပြောကြားသည်။
လက်ရှိတွင် ကျောင်းသားကလေးငယ်များအပေါ် လိင်ပိုင်းဆိုင် ရာအကြမ်းဖက်ခဲ့သော မော်လဝီမူဆာ နှင့် မော်လဝီအဗ္ဗဒူလ်ရာရှစ်တို့အား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းက စုံစမ်းဆောင်ရွက်နေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(ဒီဇင်ဘာလ ၁၈ ရက်)တွင် မီဒီယာများကို အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် ဝန်ကြီးဌာန(၁၅)ခုမှ ပြခန်းပေါင်း (၆၀)ကျော် ခင်းကျင်းပြသမည်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း