အမေရိကန်သမ္မတရဲ့ယာဉ်တန်း ကားတိုက်ခိုက်ခံရပမယ့် သမ္မတဂျိုးဘိုင်ဒန် နဲ့ သမ္မတကတော် ဘေးကင်းခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၈
ဒီဇင်ဘာ ၁၇ ရက်က ညပိုင်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လိုက်ပါလာတဲ့ယာဉ်တန်းကို ကားတစ်စီး ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် သမ္မတဂျိုးဘိုင်ဒန် ဘေးကင်းခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတ နဲ့ သမ္မတကတော်ဖြစ်သူ ဂျေးဘိုင်ဒန်တို့ဟာ မဲဆွယ်စည်းရုံးပွဲကအပြန် အခြားကားတစ်စီးနဲ့ ဝင်တိုက်မိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ သမ္မတဂျိုးဘိုင်ဒန် နဲ့ သမ္မတ ကတော်တို့ နှစ်ဦးစလုံး ဟာ ဘေးကင်းစိတ်ချရမှုရှိနေကြောင်း အမေရိကန်အခြေစိုက် မီဒီယာတွေက ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရက သမ္မတဂျိုးဘိုင်ဒန် နဲ့ သမ္မတကတော်တို့ဟာ သူရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီး ဝယ်မင်တန်မြို့ကနေ ပြန်လာချိန်မှာ ကားအက်ဆီဒန့်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။ ကားအက်ဆီဒန့်ဖြစ်ပွားခဲ့ပြီးနောက် သမ္မတရဲ့ယာဉ်တန်းမှာ လိုက်ပါလာတဲ့လုံခြုံရေးအဖွဲ့တွေဟာ သမ္မတကားကို ဝန်းရံခဲ့ပြီး သေနတ်များထုတ်ခဲ့ကာ ကားတိုက်မှုကျူးလွန်ခဲ့သူကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရုပ်သံဖိုင်တွေ ထဲမှာ ဖော်ပြထားပါတယ်။
ကားအက်ဆီဒန့်ဖြစ်ခဲ့ပေမယ့် သမ္မတဂျိုးဘိုင်ဒန် နဲ့ သမ္မတ ကတော် ဂျေးဘိုင်ဒန်တို့ဟာ ကြီးမားတဲ့ထိခိုက်ပျက်စီးမှုမရှိဘဲ အိမ်ကိုပြန်သွားခဲ့ကြောင်း နီးစပ်သူများက ပြောပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ လက်ရှိအချိန်မှာ အသက် ၈ဝ ကျော် အရွယ်ရှိနေပေမယ့် ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိုတစ်ကျော့ပြန်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေသူဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားအများစုဟာ ဂျိုးဘိုင်ဒန်ရဲ့အသက်အရွယ်ကြောင့် ထောက်ခံအားပေးမှုကျဆင်းနေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့တဲ့စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ လာမယ့်နှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံရေးပါတီတွေဟာ မြို့တွေမှာ မဲဆွယ်စည်းရုံးရေးတွေ စတင်လုပ်ဆောင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီဇင်ဘာလ ပထမပတ်အတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း(၂၀၀)ကျော်ရရှိထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း