ရွှေ့ပြောင်းသွားလာမှုအတွက်ဘေးကင်းလုံခြုံတဲ့ စီမံခန့်ခွဲမှုတွေ အရေးတကြီးလိုအပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၈
စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု နဲ့ လူ့အခွင့်အရေးကိုလေးစားလိုက်နာမှုတို့ဟာ အမြစ်တွယ်နေတဲ့ ရွှေ့ပြောင်းသွား လာမှုဆိုင်ရာ ဘေးကင်းလုံခြုံတဲ့ စီမံခန့်ခွဲမှု အရေးတကြီး လို အပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြလိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ယနေ့ (ဒီဇင်ဘာလ ၁၈ ရက်)မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့မှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်က "ရွှေ့ပြောင်းသွား လာမှုကြောင့် လူသန်းပေါင်းများစွာဟာ အခွင့်အရေးတွေ အကောင်အထည်ဖော်လာနိုင်ပြီး သူတို့ရဲ့ ဘဝတွေလည်း တိုးတက်လာပါတယ်။ ရွှေ့ပြောင်းသွားလာမှုဟာ ဘဝရဲ့ ဖြစ်စဉ်တစ်ခု၊ ကောင်းကျိုးဖြစ်ထွန်းဖို့အတွက် တွန်းအားတစ်ခုဖြစ်ပါတယ်။ အသိပညာနဲ့ အကြံဉာဏ်တွေ ဖလှယ်မှုကို အားပေးသလို စီးပွားရေးတိုးတက်မှုကိုလည်း ဖော်ဆောင်ပေးပါတယ်။ ရွှေ့ ပြောင်းသွားလာမှုကြောင့် လူသန်းပေါင်းများစွာဟာ အခွင့်အရေးတွေ အကောင်အထည်ဖော်လာနိုင်ပြီး သူတို့ရဲ့ ဘဝတွေလည်း တိုးတက်လာပါတယ်"လို့ ပြောပါတယ်။
ဘေးကင်းလုံခြုံပြီး စနစ်ကျတဲ့ တရားဝင်ရွှေ့ပြောင်းသွားလာနေ ထိုင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်(Global Compact for Safe, Orderly, and Regular Migration) ကို လွန်ခဲ့တဲ့ ၅ နှစ်က နိုင်ငံတကာအသိုက်အဝန်းကလက်ခံကျင့်သုံးခဲ့ကြောင်း၊ ဒီသဘောတူညီချက်ဟာ အဖွဲ့ဝင်နိုင်ငံတွေအတွက် လုပ်ဆောင်ချက်တွေကို အကဲဖြတ်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့နဲ့ ရွှေ့ပြောင်းသွားလာမှုအတွက် အခွင့် အရေးကို အခြေခံတဲ့လမ်းကြောင်းတွေ ချဲ့ထွင်ဖို့တွေအတွက် အရေးပါတဲ့ ရည်ညွန်းချက်နဲ့ အရင်းအမြစ် တစ်ခုဖြစ်လာကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကပြောပါတယ်။
"အဲဒီ အစီအမံတွေဟာ စံသတ်မှတ်ချက် မဟုတ်သေးပဲ ခြွင်း ချက်အဖြစ်သာ ရှိနေဆဲဖြစ်ပါတယ်။ မူရင်းဇစ်မြစ် အသိုက် အဝန်း၊ ဖြတ်သန်းသွားလာမှုနဲ့ ရောက်ရှိမယ့် ခရီးပန်းတိုင် အပါ အဝင် အားလုံးရဲ့ ကောင်းကျိုးအတွက် ပိုမိုလူသားဆန်ပြီး ရွှေ့ ပြောင်းသွားလာမှုဆိုင်ရာ စနစ်ကျတဲ့ စီမံခန့်ခွဲမှု တစ်ခုပေါက် ပေါက်လာအောင် ဒီကနေ့ကစပြီး နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ လုပ်ဆောင်ကြရပါမယ်။ ကျွန်တော်တို့ အားလုံးအတွက် ပိုမို ဘေးကင်းလုံခြုံပြီး ပိုမိုသာယာဝပြောတဲ့ အနာဂတ်တစ်ခု အတူ ဖန်တီးကြရမှာဖြစ်ပါတယ်"လို့ ဂူတာရက်စ်က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသစစ်ပွဲ အပစ်ခတ်ရပ်စဲရေး အမြန်ဆုံးရယူနိုင်ဖို့ ဗြိတိန် နဲ့ ဂျာမနီအစိုးရ တိုက်တွန်းတောင်းဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း