နိုင်ငံတော်၏ ပိုလျှံရန်ပုံငွေများကို ဖွံဖြိုးရေးကဏ္ဍ(၄)ခု၌ အကောင်အထည်ဖော်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌပြော
ကျော် (NSS) - ဒီဇင်ဘာ ၁၆
အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လာသည့် နိုင်ငံတော်၏ ပိုလျှံရန်ပုံငွေများကို ဖွံဖြိုးရေးကဏ္ဍ(၄)ခု၌ အကောင်အထည် ဖော်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌက ယမန်နေ့(ဒီဇင်ဘာလ ၁၅ ရက်)တွင် ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)သို့ တက်ရောက်၍ အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ ပိုလျှံရန်ပုံငွေများကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဆောင်ရွက်ရမည်ဖြစ်ကာ အမှန်တကယ်သုံးသင့်သုံးထိုက်သည်များ၊ အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကိုသာ လုပ်ထုံးလုပ်နည်းများနှင့်အညီသုံးစွဲရမည်ဟု ပြောကြားခဲ့သည်။
"အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့ ပိုလျှံရန်ပုံငွေတွေကို တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ မြန်မာငွေနဲ့ ဆောင်ရွက်လို့ရတဲ့ လုပ်ငန်းတွေအကုန်လုံးကို အကောင်အ ထည်ဖော်ဆောင်ရွက်ဖို့လိုပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြော သည်။
ပိုလျှံရန်ပုံငွေများအား ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာ ရေးဖွံ့ဖြိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ နှင့် လမ်းပန်းဆက်သွယ် ရေးကဏ္ဍတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရမည်ဟု ပြောသည်။
ထို့ပြင် နိုင်ငံခြားသုံးငွေဖြင့်ဝယ်ယူရသည့် စားသုံးဆီ၊ စက်သုံးဆီများကို ပြည်ပမှတင်သွင်းရာတွင်လည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီမှစိစစ်၍ အစိုးရကလည်း နိုင်ငံခြားငွေသုံးစွဲမှုများကို အထူးစိစစ်ကြပ်မတ်လျက်ရှိသည်ဟု ပြောသည်။
လက်ရှိအချိန်၌ ကိုဗစ်(၁၉)ရောဂါ နှင့် "မိုခါ" မုန်တိုင်းဒဏ်တို့ကြောင့် ကျဆင်းခဲ့ရသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ကုန် စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများပြန်လည်ဖွံ့ဖြိုးတိုးတက်လာသဖြင့် နိုင်ငံ၏စီးပွားရေးအခြေအနေသည် တိုးတက်မှုများရှိလာခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း