မိုင်းဖောက်ခွဲခံရမှုကြောင့် ရပ်နားခဲ့ရသည့် ရန်ကုန်-မန္တလေးရထားခရီးစဉ်အချို့ကို ယနေ့ပြန်လည်ပြေးဆွဲ
စော (NSS)- ဒီဇင်ဘာ ၁၄
မိုင်းဖောက်ခွဲခံရမှုကြောင့် ရပ်နားခဲ့ရသည့် ရန်ကုန်-မန္တလေးရထားခရီးစဉ်အချို့ကို ယနေ့(ဒီဇင်ဘာလ ၁၄ ရက်)တွင် ပြန်လည်ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထား၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယမန်နေ့(ဒီဇင်ဘာလ ၁၃ရက်)၊ နံနက် (၃)ခွဲအချိန်တွင် KNLA ၊KNU နှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များသည် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၏ မိုင်တိုင် အမှတ် (၁၀၄)နှင့် (၁၀၃)ကြား၌ အမှတ်(၆) အစုန်လူစီးအမြန်ရထားအား မိုင်းထောင်ဖောက်ခွဲခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူစီးအမြန်ရထားသည် ကျောက်တံခါးဘူတာမှ ထွက်ခွာလာခြင်းဖြစ်ပြီး မိုင်းဖောက်ခွဲခံခဲ့ရခြင်းကြောင့် စက်ခေါင်းနှင့် လူစီးတွဲသုံးတွဲ လမ်းချော်မှုဖြစ်ပွားခဲ့ပြီး ရန်ကုန်-မန္တလေး ရထားခရီးစဉ်များကို ခေတ္တရပ်နားထားခဲ့ရကြောင်း သိရသည်။
"လမ်းခရီးမှာ ခရီးသည်စုစုပေါင်း ၉၀၀ လောက် လမ်းခရီးကြန့်ကြာမှုအခက်အခဲများ ဖြစ်ပေါ်ခဲ့ပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ မြန်မာ့မီးရထားအနေနဲ့ အချိန်နဲ့တစ်ပြေးညီ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိပါတယ်။ ခရီးသည်တွေအတွက် အဆင်ပြေအောင် ထမင်းဘူးတွေ ဝေငှပေးတာတွေ၊ သောက်သုံးရေအဆင်ပြေအောင် ဆောင်ရွက်ပေးတာတွေ ဆောင်ရွက်ခဲ့ရပါတယ်"ဟု နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် လမ်းချော်မှုဖြစ်ပွားခဲ့သည့် လူစီးအမြန်ရထားအား မြန်မာမီးရထားမှ ပြန်လည်ပြုပြင်မွန်းမံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
"ယခုလမ်းမှာပိတ်မိနေတဲ့ ရထားတွေကိုလည်း လမ်းတွေပွင့်သွားရင်ပြေးဆွဲသွားမှာပါ"ဟု ရန်ကုန်ဘူတာကြီးမှ ရုံးပိုင်ချုပ်ကြီးက NSS ကိုပြောသည်။
ရန်ကုန်-မန္တလေး ရထားခရီးစဉ်များဖြစ်သည့် အမှတ် (၅)အဆန် လေအိတ်အမြန်ရထားအား ညနေ (၄)နာရီခွဲအချိန်နှင့် အမှတ် (၃)အဆန် အမြန်ရထားအား ညနေ (၅)နာရီခွဲအချိန်တို့တွင် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AFC Futsal Asian Cup 2024 ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း အိမ်ရှင်ထိုင်းအသင်းနှင့်တစ်အုပ်စုတည်းကျရောက်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း