သင်္ဃန်းညီနောင်ရှိ ဓာတ်အားခွဲရုံကို KNLA၊ PDF ပူးပေါင်းအဖွဲ့က ဗုံးပစ်ချတိုက်ခိုက်ခဲ့သည့်အတွက် လျှပ်စစ်မီး ပြတ်တောက်နေ
NSS - ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်ရှိ ဓာတ်အားခွဲရုံအား KNLA၊ PDF ပူးပေါင်းအဖွဲ့က ဗုံးပစ်ချတိုက်ခိုက်ခဲ့ရာ လျှပ် စစ်မီးပြတ်တောက်နေကြောင်းသိရသည်။
ယနေ့(ဒီဇင်ဘာလ ၁၃ ရက်)၊ နံနက် ၆နာရီ ၁၅မိနစ်အချိန်ခန့်တွင် မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230KV ဓာတ်အားခွဲရုံတွင် အထက်ပါကဲ့သို့ ဖြစ်ပွားကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
၎င်း ဓာတ်အားခွဲရုံ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ် ငန်းများလုပ်ဆောင်နေစဉ် KNLA၊ PDF ပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bomb တစ်လုံးပစ်ချတိုက်ခိုက်ခဲ့ရာ ဓာတ်အားခွဲအနီး ၌ ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ဗုံးပစ်ချတိုက်ခိုက်ခံရမှုကြောင့် မြဝတီမြို့နယ် နှင့် သင်္ကန်းညီနောင်ကျေးရွာတို့အား ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် 50 MVA Transformer၏ Gas Circuit Briker တစ်လုံး၊ Raditior(အအေးခံကိရိယာ)၊ ကြွေသီး ၂ လုံး နှင့် 20 MVA Transformer ၏ Raditior (အအေးခံ ကိရိယာ) တို့ မိုင်းစထိမှန်ကာ ပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။
ထိုသို့ တိုက်ခံရမှုကြောင့် ဓာတ်အားခွဲရုံတွင်ပျက်စီးသွားသည့် ပျက်စီးဆီးရှုံးမှုတန်ဖိုးသည် ငွေကျပ်သိန်း(၅၀၀၀)ခန့်ရှိကြောင်း သိရသည်။
လက်ရှိတွင် မြဝတီမြို့နှင့် သင်္ကန်းညီနောင်ကျေးရွာတို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
“မနေ့က ည ၉ နာရီလောက်ကတည်းက မီးကတော့ပျက်နေတာပါ။ ခုမနက်မှ ဓာတ်အားခွဲရုံနားက တပ်ကို Drop Bomb နဲ့လာချနေတာ။ အားလုံးပေါင်း (၇)လုံးလောက်ရှိတယ်။ ဓာတ်အားခွဲရုံကိုတော့ တစ်လုံးကျတယ်လို့ သိရတယ်။ ခုချိန်ထိ မီးကမလာသေးဘူး” ဟု သင်္ကန်းညီနောင်ရှိဒေသခံတစ်ဦးက NSS ကိုပြောသည်။
ထို့ကြောင့် ပျက်စီးသွားခဲ့သည့် ဓာတ်အားခွဲရုံအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်တောင်ဝိုင်းတောင်တက်ကားလမ်းအား နံနက် ၆ နာ ရီ မှ ညနေ ၆ နာရီအထိသာ ဖြတ်သန်းခွင့်ပြု
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း