မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံး
Pearl (NP News) - မတ် ၁၃
ကချင်ပြည်နယ်၊ နမ္မတီးမြို့နှင့် ဒွန်ဘုန်းခကျေးရွာကြားတွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကုသိုလ်ဖြစ် လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၃ ရက်)၊ နံနက် (၁၁)နာရီခန့်တွင် နမ္မတီးမြို့နှင့် ဒွန်ဘုန်းခကျေးရွာကြား လီဒိုလမ်းမကြီပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လီဒိုလမ်းမကြီးပေါ်၌ AD Ven အမျိုးအစား ကားတစ်စီးမှာ တနိုင်းမြို့ဘက်မှ မိုင်းကောင်းမြို့သို့ မောင်းနှင်လာစဉ် ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ကို ဖုန်းဆက်တာ မနက် (၁၁)နာရီကပါ။ ဖြစ်ထားတာကလည်း (၁၁)နာရီဝန်းကျင်လောက်ကပါပဲ၊ အရှိန်လွန်ပြီး တိမ်းမှောက်တယ်လို့ ယူဆပါတယ်။ ကားပေါ်မှာ (၂)ဦးပါတယ်။ Driver က ဒဏ်ရာ ပြင်းထန်တယ်။ ဘေးက စီးတဲ့ လူက ကားအပြင်ကို ထွက်ကျပြီး နေရာမှာပဲ ဆုံးသွားပါတယ်" ဟု ကုသိုလ်ဖြစ် လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထား သည်။
ယာဉ်မောင်းအမျိုးသားသည် ဦးခေါင်းကွဲ ဒဏ်ရာရရှိပြီး စိုးရိမ်ဖွယ်အခြေအနေရှိကာ လက်ရှိတွင် ၎င်းတို့အား မိုးကောင်းဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
၎င်းတို့သည် အသက် (၃ဝ)နှစ်ဝန်းကျင်ခန့်ရှိပြီး မိုးကောင်းမြို့၊ အုတ်ကျင်းရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြောင်း ကုသိုလ်ဖြစ် လူမှုကူညီရေး အသင်းထံမှ သိရသည်။
zawgyi version
ေမာ္ေတာ္ယာဥ္တစ္စီး အရွိန္လြန္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦးေသဆုံး
Pearl (NP News) - မတ္ ၁၃
ကခ်င္ျပည္နယ္၊ နမၼတီးၿမိဳ႕ႏွင့္ ဒြန္ဘုန္းခေက်း႐ြာၾကားတြင္ ေမာ္ေတာ္ယာဥ္တစ္စီး တိမ္းေမွာက္၍ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း ကုသိုလ္ျဖစ္ လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၁၃ ရက္)၊ နံနက္ (၁၁)နာရီခန႔္တြင္ နမၼတီးၿမိဳ႕ႏွင့္ ဒြန္ဘုန္းခေက်း႐ြာၾကား လီဒိုလမ္းမႀကီေပၚ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ လီဒိုလမ္းမႀကီးေပၚ၌ AD Ven အမ်ိဳးအစား ကားတစ္စီးမွာ တႏိုင္းၿမိဳ႕ဘက္မွ မိုင္းေကာင္းၿမိဳ႕သို႔ ေမာင္းႏွင္လာစဥ္ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ၿပီး တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ကို ဖုန္းဆက္တာ မနက္ (၁၁)နာရီကပါ။ ျဖစ္ထားတာကလည္း (၁၁)နာရီဝန္းက်င္ေလာက္ကပါပဲ၊ အရွိန္လြန္ၿပီး တိမ္းေမွာက္တယ္လို႔ ယူဆပါတယ္။ ကားေပၚမွာ (၂)ဦးပါတယ္။ Driver က ဒဏ္ရာ ျပင္းထန္တယ္။ ေဘးက စီးတဲ့ လူက ကားအျပင္ကို ထြက္က်ၿပီး ေနရာမွာပဲ ဆုံးသြားပါတယ္" ဟု ကုသိုလ္ျဖစ္ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထား သည္။
ယာဥ္ေမာင္းအမ်ိဳးသားသည္ ဦးေခါင္းကြဲ ဒဏ္ရာရရွိၿပီး စိုးရိမ္ဖြယ္အေျခအေနရွိကာ လက္ရွိတြင္ ၎တို႔အား မိုးေကာင္းေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
၎တို႔သည္ အသက္ (၃ဝ)ႏွစ္ဝန္းက်င္ခန႔္ရွိၿပီး မိုးေကာင္းၿမိဳ႕၊ အုတ္က်င္းရပ္ကြက္တြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း ကုသိုလ္ျဖစ္ လူမႈကူညီေရး အသင္းထံမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသေနတ် (၁၉)လက်နှင့် ကျည်ဆံအများအပြား ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း