တစ်ပတ်ကျော်ကာလအတွင်း နိုင်ငံအတွင်း၌ အကြမ်းဖက်သတ်ဖြတ်ခံရသူ (၂၅)ဦးထက်မနည်းရှိခဲ့ပြီး ပဲခူးနှင့် မန္တလေးတို့တွင် အများဆုံးဖြစ်ပွား
NSS - ဒီဇင်ဘာ ၁၂
တစ်ပတ်ကျော်ကာလအတွင်း နိုင်ငံအတွင်း၌ အကြမ်းဖက်သတ်ဖြတ်ခံရသူ (၂၅)ဦးထက် မနည်းရှိခဲ့ပြီး ပဲခူးနှင့် မန္တလေးတို့တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အချက်လက်များအရ သိရသည်။
နိုင်ငံအတွင်း၌ ဒီဇင်ဘာ ၁ ရက်မှ ၉ ရက်ထိ ပဲခူးတိုင်းတွင် လူ(၈)ဦးထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး မန္တလေးတိုင်းတွင်လည်း လူ(၆)ဦး သတ်ဖြတ်ခံခဲ့ရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းတွင်း၌ လူ(၃)ဦး၊ မကွေးတိုင်းတွင်း၌လူ (၃)ဦးနှင့် ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် (၅)ဦးထိ အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ အချက်အလက်များအရ သိရသည်။
ထို့ကြောင့် နိုင်ငံတစ်ဝန်း၌ ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၉ ရက်ထိ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၂၅ ဦးထိ ရှိခဲ့ပြီး ၎င်းတို့သည် ဒလန်၊သတင်းပေးဟု စွပ်စွဲခံရကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
“ကျွန်တော်တို့က မြန်မာတွေပဲ ဒီလိုတော့မဖြစ်သင့်ဘူး။ ဒါတွေက မိုက်ရူးရဲဆန်တာနေတာ။ ပြည်သူတွေက အေးအေးဆေးဆေးငြိမ်းငြိမ်းချမ်းချမ်းလေးပဲနေချင်တာပါ။ အခုလိုလုပ်ရပ်တွေ လုပ်နေတာကို ပြည်သူ တစ်ယောက်အနေနဲ့ လက်မခံနိုင်ဘူး” ဟု နိုင်ငံအတွင်း လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက သုံးသပ်ပြောကြားသည်။
ထို့ပြင် ဒီဇင်ဘာ ၁ ရက်မှ ၉ ရက်ထိ နိုင်ငံအတွင်း၌ ဗုံး၊ Drop Bomb ပေါက်ကွဲမှု (၁၇)ကြိမ်ထက်မနည်းရှိခဲ့ပြီး (၂)ဦး သေဆုံးကာ လူ(၂၃)ဦးထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့သည့် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အကြမ်းဖက်အဖွဲ့ များ၏ လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် လူ(၆၇ဝဝ)ကျော် သေဆုံးခဲ့ရသည်။
ထိုသို့ အကြမ်းဖက်သတ်ဖြတ်ခံရသူများထဲတွင် နိုင်ငံ့ဝန်ထမ်းများ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေး ပါတီဝင်များနှင့် လက်နက်မဲ့ပြည်သူ အများအပြား ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုအားလုံး၏ ၅ဝ ရာခိုင်နှုန်းကျော်ကို PDF အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ချင်းလက်နက်ကိုင်အဖွဲ့ CDF နှင့် ကရင်နီလက်နက်ကိုင်အဖွဲ့ KNDF တို့ကလည်း အကြမ်းဖက်မှုလုပ်ရပ်များတွင် အဓိကပါဝင်ခဲ့ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၉ နှစ်အတွင်း NSSA မှ အလုပ်အကိုင်(၄ဝ)မျိုးအတွက် ကျွမ်းကျင်လုပ်သား(၂၅ဝဝဝ)ခန့် မွေးထုတ်ပေးနိုင်ခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း