၉ နှစ်အတွင်း NSSA မှ အလုပ်အကိုင်(၄ဝ)မျိုးအတွက် ကျွမ်းကျင်လုပ်သား(၂၅ဝဝဝ)ခန့် မွေးထုတ်ပေးနိုင်ခဲ့
ကျော် (NSS) - ဒီဇင်ဘာ ၁၂
အလုပ်သမားဝန်ကြီးဌာန၏ မြန်မာနိုင်ငံလုပ် သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) မှ ၉ နှစ် အတွင်း အလုပ်အကိုင်(၄ဝ) မျိုးအတွက် ကျွမ်းကျင်လုပ်သား(၂၅၀၀၀)ခန့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာန ၏ စာရင်းများအရ သိရသည်။
အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားများ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်သည့်အနေဖြင့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) အား ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာ၌ ပြည်တွင်းရှိ ကျွမ်းကျင်လုပ်သားများအား ကျွမ်းကျင်မှုအလိုက်အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းများကို NSSA မှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
NSSA မှ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့သဖြင့် စတင်အကောင်အထည်ဖော် သည့်အချိန်မှစ၍ ယနေ့အချိန်အထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၂၅၆)ခုမှ အလုပ်အကိုင်(၄ဝ)မျိုး အတွက် ကျွမ်းကျင်လုပ်သား(၂၄၄၂၃)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ထို့ပြင် NSSA မှ အာဆီယံဒေသတွင်းရှိ နိုင်ငံများတွင်သွားရောက်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမား များအတွက် နိုင်ငံအချင်းချင်း ကျွမ်းကျင်မှုများ အပြန်အလှန်အသိအမှတ်ပြုနိုင်ရေး (MRS) အကောင်အထည် ဖော်နိုင်ရေးအတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား အုတ်စီနှင့်အထည်ချုပ်အလုပ်အကိုင်များအတွက်ကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟိုပုံးမြို့၌ HIACE ကားဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း