ဟိုပုံးမြို့၌ HIACE ကားဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၌ HIACE ကားဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သော(ဒီဇင်ဘာ ၁ဝ ရက်)၊ နံနက် ၁ဝ နာရီ ၃ဝ မိနစ်အချိန်တွင် ဟိုပုံးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး၊ တောင်ကြီး-လွိုင်လင်သွားကားလမ်းတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါကားလမ်းပေါ်တွင် စိုင်းထွန်းလူ(ခ)စိုင်းနော်ခေး မောင်းနှင်လာသည့် HIACE ကားအား စစ်ဆေးရှာဖွေခဲ့ရာ ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water (၉ ဒသမ ၁ ကီလို) နှင့် ကက်တမင်း (၁ဝဝ ဂရမ်) တို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့်စိတ်ပြောင်းဆေးဝါးများအား တာချီလိတ်မြို့နယ်မှ တောင်ကြီးမြို့နယ်သို့ သယ်ဆောင်ရောင်းချဖို့ စီစဉ်ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ထို့ကြောင့် ၎င်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူ ထားပြီး ကွင်းဆက်များအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း နှင့် စိတ်ပြောင်းဆေးများ ဖြန့်ဖြူးရောင်းချခြင်း များကို ထိရောက်စွာတားဆီးနိုင်ရင် ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သည့် ခရုဇ်ဒုံးကျည်တစ်စင်း ရေနံတင်သင်္ဘောတစ်စီးကို ထိမှန်ခဲ့ကြောင်း အမေရိကန် စစ်ဘက်ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း