ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သည့် ခရုဇ်ဒုံးကျည်တစ်စင်း ရေနံတင်သင်္ဘောတစ်စီးကို ထိမှန်ခဲ့ကြောင်း အမေရိကန် စစ်ဘက်ပြော
Pika (NSS) - ဒီဇင်ဘာ ၁၂
ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ်ထားသောနယ်မြေများမှ ပစ်လွှတ်လိုက်သည့် မြေပြင်အခြေစိုက်ခရုဇ်ဒုံးကျည်တစ်စင်းသည် ရေနံတင်သင်္ဘောတစ်စင်းကို ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းမှုများနှင့် ပျက်စီးမှုများရှိခဲ့သော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိနှစ်ဦးက ဒီဇင်ဘာလ(၁၁)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ရေနံတင်သင်္ဘော STRINDA သည် Bab al-Mandab ရေလက်ကြား၏ မြောက်ဘက်ရေမိုင်(၆ဝ) အကွာခန့်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။ ရေနံတင်သင်္ဘော STRINDA တိုက်ခိုက်ခံ ရသည့်အချိန်တွင် အမေရိကန်ရေတပ်ဖျက်သင်္ဘော USS Mason သည် အဆိုပါနေရာတွင်ရှိနေခဲ့ပြီး လိုအပ်သည့် အကူအညီများ ပေးအပ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိများက ပြောကြားခဲ့သည်။
ရေနံတင်သင်္ဘော STRINDA သည် နော်ဝေးနိုင်ငံအလံ လွှင့်တင်ထားပြီး ၎င်း၏ နော်ဝေးပိုင်ရှင် Mowinckel Chemical Tankers ကုမ္ပဏီ နှင့် မန်နေဂျာ Hansa Tankers တို့က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။
အစ္စရေး-ဟားမက် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်တည်းက ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့သည် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို အစ္စရေးကို ဒုံးကျည်များ၊ ဒရုန်းများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အစ္စရေးသို့ ဦးတည်သွားမည့်သင်္ဘောများအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာလ(၉)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့ပြီး အစ္စရေးဆိပ်ကမ်းများ နှင့် ပတ်သက် ခြင်းများမပြုလုပ်ရန် နိုင်ငံတကာသင်္ဘောကုမ္ပဏီများကို သတိပေးခဲ့ကြောင်းလည်း သိရသည်။
STRINDA အမည်ရှိ သင်္ဘောသည် မလေးရှားနိုင်ငံမှ ဟင်းသီးဟင်းရွက်ဆီများ နှင့် ဇီဝလောင်စာဆီများကို တင်ဆောင်လာကာ အီတလီနိုင်ငံ Venice မြို့သို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း သင်္ဘောခြေရာခံကုမ္ပဏီ Kpler ၏ ဒေတာအချက်အလက်များအရ သိရသည်။ သို့သော်လည်း အဆိုပါသင်္ဘောသည် အစ္စရေးနိုင်ငံနှင့် ဆက်နွယ်ခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NUG ၏ ပုလဲမြို့နယ်တရားရုံးကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများရှိခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ