NUG ၏ ပုလဲမြို့နယ်တရားရုံးကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများရှိခဲ့
မြူနစ် (NSS) - ဒီဇင်ဘာ ၁၂
NUG ၏ ပုလဲမြို့နယ်တရားရုံးကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများ ရှိခဲ့ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၁၂ ရက်) နေ့လည် ၁၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိ NUG ၏ ပုလဲမြို့နယ်တရားရုံး တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ NUG ၏ တရားရုံးကို တပ်မတော်က လေကြောင်းဖြင့် ဗုံး(၄)လုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG လက်အောက်ခံ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း NUG ၏ မြို့နယ်တရားရေးတာဝန်ခံဆိုသူ တစ်ဦး၊ ပညာရေးဝန်ထမ်းတစ်ဦး၊ PDF အဖွဲ့ဝင်တစ်ဦးနှင့် ဇီးဖြူကုန်းကျေးမှ အသက်တစ်နှစ်အရွယ်ကလေးနှင့် မိခင်ဖြစ်သူတို့ သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နစကဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၁၂ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ