နစကမှ ၂ဝ၂၄ ခုနှစ်အတွင်း ကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ကုလသမဂ္ဂ ကူညီပေးမည်
မျိုးကြီး (NSS) - ဒီဇင်ဘာ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂ဝ၂၄ ခုနှစ်အတွင်း ကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ကုလသမဂ္ဂမှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan တို့သည် ကူညီပေးရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးထားကြောင်း သိရသည်။
ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)အနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွားမည်ကြောင်း သိရသည်။
“လာမယ့်ကောက်မယ့် သန်းခေါင်စာရင်းမှာ UNFPA က ကူညီပေးမယ်လို့ ပြောတယ်။ ဘယ်လောက်အတိုင်းအတာထိ ကူညီမယ်ဆိုတာတော့ မသိသေးဘူး။ ကူညီပေးမယ်ဆိုတာတော့ ပြောသွားတယ်။ ဘာပဲပြောပြော နိုင်ငံအတွက်တော့ အပေါင်းလက္ခဏာဆောင်တာပေါ့။ UNFPA က ၂ဝ၁၄ တုန်းကလည်း သန်းခေါင်စာရင်းကောက်တုန်းက ကူညီပေးဖူးတယ်” ဟု အဆိုပါဝန်ကြီးဌာနမှ အရာရှိတစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သော သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော ပြည်လုံးကျွတ် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း UNFPA က ထည့်ထည့်ဝင်ဝင် ကူညီဆောင်ရွက်ပေးခဲ့ဖူးသည်။
၂ဝ၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ အဆင်ပြေမှုရှိစေရန်အတွက် စမ်းသပ်သန်းခေါင်စာရင်းကို ပြီးခဲ့သော အောက်တိုဘာ ၁ ရက်မှစ၍ ၁၅ ရက်အထိ မြို့နယ်ပေါင်း(၂ဝ)တွင် ကောက်ယူခဲ့သည်။
ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၁၅) ရက်အထိ ကောက်ယူသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ် နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် ပြည်လုံးကျွတ်အဆင့်ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ပတ်ကျော်ကာလအတွင်း နိုင်ငံအတွင်း၌ အကြမ်းဖက်သတ်ဖြတ်ခံရသူ (၂၅)ဦးထက်မနည်းရှိခဲ့ပြီး ပဲခူးနှင့် မန္တလေးတို့တွင် အများဆုံးဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း