ပြည်ပမှ နှစ်စဥ် သံနှင့် သံမဏိ ဆက်စပ်ပစ္စည်း တန်ချိန်(၃)သန်းခန့် တင်သွင်းနေရ
ယွန်း (NP News) - မတ် ၁၂
ပြည်ပမှ နှစ်စဥ် သံနှင့် သံမဏိ ဆစပ်ပစ္စည်း တန်ချိန်(၃)သန်းခန့် တင်သွင်းနေရကြောင်း သိရသည်။
မတ်လ(၁၁)ရက်တွင် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI) တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံသံနှင့် သံမဏိလုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အစည်းအဝေးမှ အထက်ပါကဲ့သို့ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။
သံမဏိကဏ္ဍဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရေးကို ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသံမဏိ လုပ်ငန်းရှင်များအသင်းကို (၂ဝ၁၇)ခုနှစ်တွင် နိုင်ငံသားပုဂ္ဂလိက လုပ်ငန်းရှင်များဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် သံနှင့်သံမဏိ ဆက်စပ်ပစ္စည်းများကို နှစ်စဥ် တန်ချိန် (၃)သန်းခန့် ပြည်ပမှ တင်သွင်းနေရကြောင်း အစည်းအဝေးမှ သိရသည်။
ထို့ကြောင့် ပြည်ပမှတင်သွင်းနေရသော သံနှင့် သံမဏိကို ပြည်တွင်းတွင် လုံလောက်စွာ အကောင်အထည်ဖော်နိုင်ပါက သံနှင့် သံမဏိများကို ပြည်ပသွင်းကုန်များအဖြစ် တင်သွင်းရန်မလိုဘဲ အလုပ်အကိုင်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် နစကဥက္ကဋ္ဌက ဆိုထားသည်။
ထို့ပြင် သံမဏိလုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း ပြည်ပမှတင်သွင်းလာသော စံချိန်စံညွှန်းဖြင့်ကိုက်ညီမှုရှိသည့် အရည်အသွေးနိမ့် သံနှင့် သံမဏိပစ္စည်းများကို စစ်ဆေး၊ ထိန်းချုပ်၊ ကာကွယ်နိုင်မည့် Myanmar Industrial Standard (MIS) အမြန်ဆုံးပေါ်ပေါက်လာရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သံနှင့် သံမဏိသည် နိုင်ငံတည်ဆောက်ရေးအတွက် မဖြစ်မနေလိုအပ်ပြီး ပြည်တွင်းလိုအပ်ချက်အရ သံမဏိထုတ်လုပ်ရေးစီမံကိန်းကို အောင်မြင်စွာအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပအိုဝ်းနယ်မြေအတွင်း ကျူးကျော်လာမှုများရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး အေးအေးချမ်းချမ်းနေလိုကြောင်း PNO/PNA ထိပ်ပိုင်းခေါင်းဆောင် ဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း