ပေါက်တောမြို့နယ်ရှိ AA လက်နက်ကိုင်အဖွဲ့အမာခံ (၂)ဦးကို ဖမ်းဆီးရမိခဲ့ဟု နစကဆို
Pearl (NSS) - ဒီဇင်ဘာ ၆
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ AA အဖွဲ့အမာခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ယနေ့ (ဒီဇင်ဘာလ ၆ ရက်)တွင် မီဒီယာများသို့ အသိ ပေးပြောဆိုထားသည်။
ဖမ်းဆီးရမိသည့် AA အဖွဲ့အမာခံ(၂)ဦးသည် ပေါက်တောမြို့နယ်၊ မနော်သီရိရွာတွင်နေထိုင်သော မောင်ထွန်းကျော်လင်းနှင့် ဦးဘထွန်းတို့ ဖြစ် ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သူ နှစ်ဦးသည် မနော်သီရိကျေးရွာကို မီးရှို့ခိုင်းထားသည့် AA အဖွဲ့၏ အမာခံ(၂)ဦးဖြစ်ပြီး ၎င်းတို့၏ထွက်ဆိုထားသည့် ဗီဒီယို ရုပ်သံဖိုင်းကိုလည်း နစကက အသိပေးထုတ်ပြန်ထားသည်။
မောင်ထွန်းကျော်လင်းက "AA အဖွဲ့ အဝင်အထွက်ရှိလို့ ရွာသားတွေက ရွာမှာ စစ်ဖြစ်မှာကြောက်လို့ ထွက်ပြေးသွားကြပါတယ်။ ကျွန်တော်နဲ့ ဦးဘထွန်းကိုတော့ AA က စစ်တပ်ရောက်လာရင် သတင်းပို့ဖို့ စောင့်ခိုင်းထားပါတယ်။ စစ်တပ်ကလူဝင်လာရင် စစ်တပ်က ရွာကိုမီးရှို့သွားသလိုဖြစ်အောင် ကျွန်တော်တို့ကို ရွာကို မီးရှို့ပြီး ထွက်ပြေးခိုင်းထားပါတယ်။ စစ်တပ်က ရောက်လာခဲ့အချိန်မှာတော့ AAက ခိုင်းထားတဲ့အတိုင်း ကျွန်တော်နဲ့ ဦးဘထွန်း နဲ့ ရွာကို မီးရှို့နေပါတယ်။ မီးရှို့နေတဲ့အချိန်မှာတော့ စစ်တပ်ကတွေ့လို့ နှစ်ယောက်စလုံးအဖမ်းခံခဲ့ရပါတယ်"ဟု ထွက်ဆိုထားသည်။
၎င်းတို့ (၂)ဦးအား မနော်သီရိရွာတွင်းရှိ နေအိမ်များအား မီးရှို့နေစဉ် လုံခြုံ ရေးတပ်ဖွဲ့များက ဖမ်းဆီရမိခဲ့ခြင်းဖြစ်ပြီး ထွက်ဆိုချက်များအရ AA အဖွဲ့က တပ်မတော်မှလာရောက်ချိန် ၎င်းတို့အား သတင်းပို့ပေးရန် နှင့် ကျေးရွာအား မီးရှို့ရန် စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန်စစ်ပွဲများကို ပြန်လည်ဖော်ခဲ့ပြီးနောက် ပေါက်တောမြို့ကို ရက်ပိုင်းမျှ ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိတွင်တပ်မတော်လုံခြုံရေးအဖွဲ့များက ပြန်လည်ထိန်းချုပ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပို့ကုန်ရငွေ၏ (၃၅)ရာခိုင်နှုန်းဖြစ်သော နိုင်ငံခြားငွေကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ဖြေလျှော့ပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း