Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မလေးရှားနိုင်ငံကို သွားရောက်မယ့် မြန်မာနိုင်ငံသား (၂၂)ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဂျန်ဇက် (NP News) - မတ် ၁၁


မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၉)ဦးပါတဲ့အုပ်စုနဲ့ လမ်းပြအဖြစ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား (၃)ဦးကို မတ်လ ၁ဝ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း Prachuap Khiri Khan ဒေသမှာ ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ 


ဖမ်းဆီးခံရသူတစ်ဦးဆီမှလည်း မူးယစ်ဆေးဝါးအများအပြား တွေ့ရှိဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဟာ နယ်စပ်ဒေသဖြစ်တဲ့  Huai Sai  မြို့ရဲ့ကျေးရွာအမှတ် ၅ နားမှာ မြန်မာအမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၇ဦးနဲ့အတူ လမ်းပြသုံးဦးတို့ကိုဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း ကို တရားဝင်စာရွက်စာတမ်းမပါဘဲ ဝင်ရောက်ခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။


အဆိုပါ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး မလေးရှားနိုင်ငံကိုသွားရောက် အလုပ်လုပ်ကိုင်ဖို့ ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး လမ်းမှာအဖမ်းခံရတာမျိုးဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပွဲစားခအဖြစ် တစ်ဦးကိုဘတ် (၄ဝဝဝဝ) ပေးရမှာဖြစ်ပြီး ခရီးစဉ်မစတင်ခင်ကတည်းက ပွဲစားခတစ်ဝက်ပေးထားရကြောင်း ထွက်ဆိုထားပါတယ်။


မူးယစ်ဆေးဝါးများနဲ့အတူဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ၎င်းဟာ ပွဲစားတွေကို ပွဲစားခအပြည့်မပေးနိုင်သေးဘဲ တစ်ဝက်သာပေးချေထားရပြီး ကျန်ပွဲစားခ ဘတ် ၂ဝဝဝဝ ကို မူးယစ်ဆေးဝါး ရောင်းချပြီးပေးဖို့ စီစဉ်ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပြောပါတယ်။ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေဟာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများကို Khlong Wan ရဲစခန်းထံလွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

zawgyi version

မေလးရွားႏိုင္ငံကို သြားေရာက္မယ့္ ျမန္မာႏိုင္ငံသား (၂၂)ဦးကို ထိုင္းရဲတပ္ဖြဲ႕ ဖမ္းဆီး

ဂ်န္ဇက္ (NP News) - မတ္ ၁၁


ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား (၁၉)ဦးပါတဲ့အုပ္စုနဲ႔ လမ္းျပအျဖစ္လုပ္ကိုင္သူ ျမန္မာႏိုင္ငံသား (၃)ဦးကို မတ္လ ၁ဝ ရက္က ထိုင္းႏိုင္ငံေတာင္ပိုင္း Prachuap Khiri Khan ေဒသမွာ ဖမ္းမိခဲ့တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕ကေျပာပါတယ္။ 


ဖမ္းဆီးခံရသူတစ္ဦးဆီမွလည္း မူးယစ္ေဆးဝါးအမ်ားအျပား ေတြ႕ရွိဖမ္းဆီးရမိခဲ့တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။ ထိုင္းလုံၿခဳံေရးတပ္ဖြဲ႕ဟာ နယ္စပ္ေဒသျဖစ္တဲ့  Huai Sai  ၿမိဳ႕ရဲ႕ေက်း႐ြာအမွတ္ ၅ နားမွာ ျမန္မာအမ်ိဳးသား ၁၂ ဦး၊ အမ်ိဳးသမီး ၇ဦးနဲ႔အတူ လမ္းျပသုံးဦးတို႔ကိုဖမ္းဆီးမိခဲ့ျခင္းျဖစ္ေၾကာင္း၊ ထိုင္းႏိုင္ငံအတြင္း ကို တရားဝင္စာ႐ြက္စာတမ္းမပါဘဲ ဝင္ေရာက္ခဲ့ျခင္းေၾကာင့္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပထားပါတယ္။


အဆိုပါ ျမန္မာႏိုင္ငံသားေတြဟာ ထိုင္းႏိုင္ငံကို ျဖတ္သန္းၿပီး မေလးရွားႏိုင္ငံကိုသြားေရာက္ အလုပ္လုပ္ကိုင္ဖို႔ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ၿပီး လမ္းမွာအဖမ္းခံရတာမ်ိဳးျဖစ္ပါတယ္။ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြက ပြဲစားခအျဖစ္ တစ္ဦးကိုဘတ္ (၄ဝဝဝဝ) ေပးရမွာျဖစ္ၿပီး ခရီးစဥ္မစတင္ခင္ကတည္းက ပြဲစားခတစ္ဝက္ေပးထားရေၾကာင္း ထြက္ဆိုထားပါတယ္။


မူးယစ္ေဆးဝါးမ်ားနဲ႔အတူဖမ္းဆီးရမိတဲ့ ျမန္မာႏိုင္ငံသားတစ္ဦးက ၎ဟာ ပြဲစားေတြကို ပြဲစားခအျပည့္မေပးႏိုင္ေသးဘဲ တစ္ဝက္သာေပးေခ်ထားရၿပီး က်န္ပြဲစားခ ဘတ္ ၂ဝဝဝဝ ကို မူးယစ္ေဆးဝါး ေရာင္းခ်ၿပီးေပးဖို႔ စီစဥ္ခဲ့ျခင္းေၾကာင့္ မူးယစ္ေဆးဝါးမ်ားကို သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။ ထိုင္းလုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားမ်ားကို Khlong Wan ရဲစခန္းထံလႊဲေျပာင္းေပးခဲ့ေၾကာင္း သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစိုးရဝန်ထမ်းများ၏အလုပ်ဖုန်းများတွင် TikTok အပလီကေးရှင်းအသုံးမပြုရန် ဘယ်လ်ဂျီယံအစိုးရ တားမြစ်ပိတ်ပင်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved