ဖြူးမြို့ရှိ ကျေးရွာတစ်ခုအတွင်းသို့ KNU၊ PDF ပူးပေါင်းအဖွဲ့က ဗုံးတစ်လုံးပစ်ချတိုက်ခိုက်မှုကြောင့် လူ(၃)ဦး ထိခိုက်ဒဏ်ရာရ
NSS - ဒီဇင်ဘာ ၃
ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ကျေးရွာတစ်ခုအတွင်းသို့ KNU၊ PDF ပူးပေါင်းအဖွဲ့က ဗုံးတစ်လုံး ပစ်ချတိုက်ခိုက်မှုကြောင့် မိသားစုဝင်(၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော(နိုဝင်ဘာ ၃ဝ ရက်)၊ မွန်းလွဲ ၂ နာရီအချိန်တွင် ဖြူးမြို့နယ်၊ ကံကြီးခင်းကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာနေ ဦးလှဆင့်(၆၆)နှစ်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဆန်းဌေး(၆၃)နှစ် နှင့် သားဖြစ်သူ ကိုရန်အောင် (၃၆) နှစ်တို့သည် နေအိမ်၌ ရှိနေစဉ် KNU၊PDFပူးပေါင်းအဖွဲ့က Drone ဖြင့်ပစ်ခတ်သော Drop Bomb တစ်လုံး ၎င်းတို့၏ နေအိမ်ခြံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ထိုသို့ကျရောက်ပေါက်ကွဲမှုကြောင့် ဦးလှဆင့်၊ ဒေါ်ဆန်းဌေး နှင့် ကိုရန်အောင်တို့ မိသားစု(၃)ဦးတွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၃ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း