စစ်ကိုင်း၊ မကွေး နှင့် မော်လမြိုင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် (၁၂) ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်
ရဲပြည့် (NP News) - မတ် ၁၁
စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနှင့် မော်လမြိုင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား (၁၁) ဦးနှင့် အမျိုး သမီး(၁)ဦး စုစုပေါင်း (၁၂)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ မတ်လ ၁ဝ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
လွှဲပြောင်းပေးအပ်ပွဲကို မတ်လ(၁ဝ)ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမနှင့် အ နောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်ခန်းမများ၌ ပြန်လည်ကြိုဆိုလက်ခံခဲ့ခြင်းဖြစ်သည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်သူများသည် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း(၁၂)ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းသည် ဖေဖော်ဝါရီလ ၂ ရက်မှစ၍ နစကမှ စစ်အုပ်ချုပ်ရေး(Martial Law) ကျင့်သုံးမည်ဟု ကြေညာထားသည့် မြို့နယ်များဖြစ်သည်။
zawgyi version
ရဲပြည့် (NP News) - မတ် ၁၁
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘရာဇီးရဲ့ အမေဇုန်သစ်တောပြုန်းတီးမှု ဖေဖော်ဝါရီလမှာ စံချိန်တင်မြင့်မားလာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း