ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မတ်လ(၁၃)ရက်မှစတင်၍ အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလအသိပေး
ယွန်း (NP News) - မတ် ၉
ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ် အချို့၌ အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(မတ်လ ၉ ရက်) ညနေ(၄)နာရီအချိန် ထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ ယနေ့ ညနေ(၃)နာရီခွဲအချိန် တိုင်းထွာချက်အရ မတ်လ(၁၃)ရက်မှ (၁၅)ရက်အတွင်း ရန်ကုန် အပါအဝင် စစ်ကိုင်း(အထက်ပိုင်း)၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်နှင့် မွန်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် အရှေ့ဘက်မှ လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း မိုးဇလမှ ဆိုထားသည်။
ထို့ကြောင့် အဆိုပါကာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်နိုင်ရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် မတ်လ အပါအဝင် ဧပြီလနှင့် မေလများသည် နွေကာလဖြစ်သည့်အတွက် အဆိုပါလများတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာနိုင်ပြီး အပူချိန်များမြင့်တက်လာမှုကြောင့် အပူပျံတက်တိမ်များဖြစ်ထွန်းကာ နေ့လည်ပိုင်း နှင့် ညနေပိုင်းများတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားခဲ့သည်။
အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားသည့် အချို့နေရာများတွင် လေပြင်းတိုက်ခြင်း၊ လေပြင်းတိုက်ပြီး မိုးထစ်ချုန်းခြင်း၊ မိုကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့်အတူ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ ကြိုတင်အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕၌ မတ္လ(၁၃)ရက္မွစတင္၍ အခ်ိန္အခါမဟုတ္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလအသိေပး
ယြန္း (NP News) - မတ္ ၉
ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ျပည္နယ္ အခ်ိဳ႕၌ အခ်ိန္အခါမဟုတ္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလမွ ဆိုထားသည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(မတ္လ ၉ ရက္) ညေန(၄)နာရီအခ်ိန္ ထုတ္ျပန္ခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
မိုးဇလ၏ ယေန႔ ညေန(၃)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ မတ္လ(၁၃)ရက္မွ (၁၅)ရက္အတြင္း ရန္ကုန္ အပါအဝင္ စစ္ကိုင္း(အထက္ပိုင္း)၊ ပဲခူး၊ ဧရာဝတီ၊ တနသၤာရီ၊ ကခ်င္၊ ရွမ္း၊ ကယား၊ ကရင္ႏွင့္ မြန္တို႔တြင္ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း ႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ အေနာက္ဘက္မွ ေ႐ြ႕လ်ားလာေသာ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္ လည္းေကာင္း၊ ကပၸလီပင္လယ္ျပင္ ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔မွ ေလေႏြးမ်ားႏွင့္ အေရွ႕ဘက္မွ ေလေအးမ်ား ေတြ႕ဆုံမႈေၾကာင့္လည္းေကာင္း ျဖစ္ေပၚလာရျခင္းျဖစ္ေၾကာင္း မိုးဇလမွ ဆိုထားသည္။
ထို႔ေၾကာင့္ အဆိုပါကာလအတြင္း အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းျခင္းႏွင့္အတူ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္းႏွင့္ မိုးသီးေႂကြျခင္းမ်ား ျဖစ္ေပၚႏိုင္ျခင္းေၾကာင့္ ျပည္သူမ်ားအေနျဖင့္ သတိျပဳေနထိုင္ႏိုင္ရန္ မိုးဇလမွ အသိေပးထုတ္ျပန္ထားသည္။
ထို႔ျပင္ မတ္လ အပါအဝင္ ဧၿပီလႏွင့္ ေမလမ်ားသည္ ေႏြကာလျဖစ္သည့္အတြက္ အဆိုပါလမ်ားတြင္ ေန႔အပူခ်ိန္မ်ား တျဖည္းျဖည္းျမင့္တက္လာႏိုင္ၿပီး အပူခ်ိန္မ်ားျမင့္တက္လာမႈေၾကာင့္ အပူပ်ံတက္တိမ္မ်ားျဖစ္ထြန္းကာ ေန႔လည္ပိုင္း ႏွင့္ ညေနပိုင္းမ်ားတြင္ မိုးတိမ္ေတာင္မ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလမွ ၿပီးခဲ့သည့္ ရက္ပိုင္းက ထုတ္ျပန္ထားခဲ့သည္။
အဆိုပါ မိုးတိမ္ေတာင္မ်ား ေ႐ြ႕လ်ားသည့္ အခ်ိဳ႕ေနရာမ်ားတြင္ ေလျပင္းတိုက္ျခင္း၊ ေလျပင္းတိုက္ၿပီး မိုးထစ္ခ်ဳန္းျခင္း၊ မိုႀကိဳးပစ္ျခင္း၊ မိုးသီးေႂကြျခင္းႏွင့္အတူ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလမွ ႀကိဳတင္အသိေပးထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ ဆေးခြောက်ဖြင့် Cookie မုန့်ပြုလုပ်ရောင်းချသူ (၂)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်း
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း