ပြည်တွင်း၌ တရားမဝင်နေထိုင်နေသည့် နိုင်ငံခြားသားများအနက် မိမိအစီအစဥ်ဖြင့်ပြန်လည်ထွက်ခွာသူဦးရေ (၄၀၀၀၀)နီးပါးရှိနေဟုဆို
ယွန်း (NSS) - နိုဝင်ဘာ ၃၀
ပြည်တွင်း၌ တရားမဝင်နေထိုင်နေသည့် နိုင်ငံခြားသားများအနက် မိမိအစီအစဥ်ဖြင့် ပြန်လည်ထွက်ခွာသူဦးရေ (၄၀၀၀၀)နီးပါးရှိကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေသည့် နိုင်ငံခြားသားများပြန်လည်လွှဲပြောင်းမှုကို အောက်တိုဘာလ(၃၁) ရက်မှစတင်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ (၂၈)ရက်အထိ မိမိအစီအစဥ်ဖြင့် ပြန်လည်ထွက်ခွာသူ(၃၇၉၃၆)ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးသူ(၂၀၃၅)ဦး၊ ရှာဖွေဖမ်းဆီးလွှဲပြောင်းသူ (၃၇၃၈)ဦး ရှိခဲ့ပြီး မိမိအစီအစဥ်ဖြင့် ပြန်လည်ထွက်ခွာသူများ အပါအဝင် စုစုပေါင်း (၄၃၇၀၉)ဦးရှိပြီး လွှဲပြောင်းရန် ကျန်ရှိသူများလည်းရှိနေကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထား သည်။
အလားတူ နိုဝင်ဘာလ(၂၉)ရက်တွင်လည်း တရုတ်နိုင်ငံသားအမျိုးသား (၂၁၁)ဦး၊ အမျိုးသမီး(၅၁)ဦး စုစုပေါင်း(၂၆၂)ဦးကို စိစစ်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ရာ တစ်လအတွင်း တရုတ်နိုင်ငံသား အမျိုးသား(၉၀၃၄)ဦး၊ အမျိုးသမီး (၁၁၃၆)ဦး စုစုပေါင်း(၁၀၁၇၀)ဦးကို ဥပဒေနှင့်အညီ တရုတ်နိုင်ငံရှိ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
နစကအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများကို စိစစ်ဖော်ထုတ်၍ ၎င်းတို့၏နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် MEGA ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း