မြန်မာနိုင်ငံသို့တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၁၀၀၀၀)နီးပါးကို တစ်လအတွင်း ဖမ်းဆီးရမိ
ယွန်း (NSS) - နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံသို့တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၁၀၀၀၀)နီးပါးကို တစ်လအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
နစကမှ ယမန်နေ့(နိုဝင်ဘာလ ၂၈ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ တရားမဝင်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား(၅၁၁)ဦးနှင့် အမျိုးသမီး (၂၀၃)ဦး စုစုပေါင်း (၇၁၄)ဦးကို စိစစ်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံရှိ တာဝန်ရှိသူများထံ နိုဝင်ဘာ(၂၈)ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
နစကအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသားများကို ပြီးခဲ့သည့် အောက်တိုဘာလ(၃၁)ရက်မှစ၍ ၎င်းတို့နိုင်ငံရှိတာဝန်ရှိသူများထံသို့ လွှဲပြောင်းမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အောက်တိုဘာလ(၃၁)ရက်မှ နိုဝင်ဘာလ(၂၈)ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား(၈၈၂၃)ဦးနှင့် အမျိုးသမီး (၁၀၈၅)ဦး စုစုပေါင်း (၉၉၀၈)ဦးကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများကို စိစစ်ဖော်ထုတ်၍ ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းယူနိုက်တက်အသင်းကစားသများကို ဗီဇာခွင့်မပြုပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သက်ဆိုင်ရာ AFC ထံ တရားဝင် Complain Letter ရေးသားပေးပို့ခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း