ဘီးလင်းရှိ ဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံခဲ့ရပြီး လျော့နည်းသွားသည့် ဓာတ်အားများကို ရေအားလျှပ်စစ်မှ တိုးမြှင့်ထုတ်လုပ်မည်
Pearl (NP News) - မတ် ၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းမိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဓာတ် အားပို့လွှတ်နိုင်မှု လျော့နည်းခဲ့ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့(မတ်လ ၉ ရက်) ညနေပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၉ ရက်)၊ နံနက်(၄)နာရီခွဲ အချိန်ခန့်တွင် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ အနီးတွင် (၂ဝ)လက်မ၊ ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန် ဓာတ်ငွေ့ပိုက်လိုင်းအားမိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၅၅)မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ကြောင်း သိရသည်။
လက်ရှိကာလသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် အချိန်ဖြစ်သည့်အတွက် လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်ဓာတ်အားပေးစက်များမှ တိုးမြှင့်ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် စက်မှုဇုန်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏကို ထိန်းညှိပြီး အများပြည်သူ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေးကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးသည့်ကာလတွင် စက်မှုဇုန်များ၌ ပုံမှန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းမှ ဆိုထားသည်။
zawgyi version
ဘီးလင္းရွိ ဓာတ္ေငြ႕ပိုက္လိုင္း မိုင္းခြဲခံခဲ့ရၿပီး ေလ်ာ့နည္းသြားသည့္ ဓာတ္အားမ်ားကို ေရအားလွ်ပ္စစ္မွ တိုးျမႇင့္ထုတ္လုပ္မည္
Pearl (NP News) - မတ္ ၉
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္ရွိ ဓာတ္ေငြ႕ပိုက္လိုင္းမိုင္းခြဲခံရၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ ဓာတ္ အားပို႔လႊတ္ႏိုင္မႈ ေလ်ာ့နည္းခဲ့ေၾကာင္း သိရသည္။
ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းမွ ယေန႔(မတ္လ ၉ ရက္) ညေနပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၉ ရက္)၊ နံနက္(၄)နာရီခြဲ အခ်ိန္ခန႔္တြင္ ဘီးလင္းၿမိဳ႕နယ္၊ ဇုတ္သုတ္ေက်း႐ြာ အနီးတြင္ (၂ဝ)လက္မ၊ ေဇာတိက-ကန္ေပါက္-ၿမိဳင္ကေလး-ရန္ကုန္ ဓာတ္ေငြ႕ပိုက္လိုင္းအားမိုင္းခြဲခံရၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ေလွာ္ကားသဘာဝဓာတ္ေငြ႕သုံးဓာတ္အားေပးစက္မွ ဓာတ္အားစနစ္အတြင္းသို႔ ဓာတ္အားထုတ္လုပ္ပို႔လႊတ္ႏိုင္မႈ (၅၅)မဂၢါဝပ္ခန႔္ ေလ်ာ့နည္းခဲ့ေၾကာင္း သိရသည္။
လက္ရွိကာလသည္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုေနသည့္ အခ်ိန္ျဖစ္သည့္အတြက္ ေလ်ာ့နည္းသြားေသာ လွ်ပ္စစ္ဓာတ္အားကို ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္မ်ားမွ တိုးျမႇင့္ထုတ္လုပ္ေပးမည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းမွ ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ စက္မႈဇုန္မ်ားတြင္ အသုံးျပဳလ်က္ရွိေသာ လွ်ပ္စစ္ဓာတ္အားပမာဏကို ထိန္းညႇိၿပီး အမ်ားျပည္သူ လွ်ပ္စစ္ဓာတ္အား ပုံမွန္ရရွိေရးကို စီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
သို႔ေသာ္ တကၠသိုလ္ဝင္စာေမးပြဲ ၿပီးဆုံးသည့္ကာလတြင္ စက္မႈဇုန္မ်ား၌ ပုံမွန္လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးႏိုင္ေရး ဆက္လက္စီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရး ရွင္းမွ ဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ယခုလအတွင်း အာဏာအသက်ဝင်စေရေး ဆောင်ရွက်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း