ခြိမ်းခြောက်စာများကြောင့် ခရီးသည်များနှင့်ဝန်ထမ်းများ၏ လုံခြုံရေးအတွက် Yangon Water Bus ပြေးဆွဲမှုကို ခေတ္တရပ်နားမည်ဟုဆို
Pearl (NP News) - မတ် ၉
ခြိမ်းခြောက်စာများရရှိမှုကြောင့် ခရီးသည်များ နှင့် ဝန်ထမ်းများလုံခြုံရေးအတွက် YANGON WATER BUS ပြေးဆွဲမှုကို ခေတ္တရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Water Bus မှ ယနေ့ (မတ်လ ၉ ရက်)၊ နံနက် (၈)နာရီအချိန်ခန့်တွင် ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာမှတဆင့် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
YANGON WATER BUS နှင့်ပတ်သက်သော ကြော်ငြာချက်အချို့ နိုင်ငံပိုင်သတင်းစာများတွင်ပါရှိခြင်း နှင့်ပတ်သက်၍ စမ်းချောင်းမြို့မ ရဲစခန်းတွင် သက်သေအထောက်အထားခိုင်လုံစွာရှင်းလင်းထားပြီးဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထိုသို့ရှင်းလင်းထားသော်လည်း အမည်အမျိုးမျိုးဖြင့် အကြိမ်များစွာ သတင်းစာတွင် ကြော်ငြာများထပ်မံ ထည့်သွင်းခြင်း၊ အမှုဖွင့်ခြင်းများကို လုပ်ဆောင်နေခြင်းအတွက် ၄င်းတို့အား တိုင်ကြားမှုများပြုလုပ်နေဆဲ ဖြစ်ကြောင်း YANGON WATER BUSမှ ဆိုထားသည်။
လက်ရှိတွင် YANGON WATER BUS ရုံးချုပ်နှင့် CEO ၏ကားများပေါ်တွင် ခြိမ်းခြောက်စာများ သုံးကြိမ်တိုင်ရရှိမှုကြောင့် ခရီးသည်များ နှင့် ဝန်ထမ်းများလုံခြုံရေးအတွက် Yangon Water Bus ပြေးဆွဲမှုကို ခေတ္တရပ်နားထားမည်ဖြစ်ပြီး လုံခြုံရေးဆိုင်ရာများလုပ်ဆောင်ပြီးပါက ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းကို အသိပေး ပြောဆိုထားသည်။
zawgyi version
ၿခိမ္းေျခာက္စာမ်ားေၾကာင့္ ခရီးသည္မ်ားႏွင့္ဝန္ထမ္းမ်ား၏ လုံၿခဳံေရးအတြက္ Yangon Water Bus ေျပးဆြဲမႈကို ေခတၱရပ္နားမည္ဟုဆို
Pearl (NP News) - မတ္ ၉
ၿခိမ္းေျခာက္စာမ်ားရရွိမႈေၾကာင့္ ခရီးသည္မ်ား ႏွင့္ ဝန္ထမ္းမ်ားလုံၿခဳံေရးအတြက္ YANGON WATER BUS ေျပးဆြဲမႈကို ေခတၱရပ္နားသြားမည္ျဖစ္ေၾကာင္း သိရသည္။
Yangon Water Bus မွ ယေန႔ (မတ္လ ၉ ရက္)၊ နံနက္ (၈)နာရီအခ်ိန္ခန႔္တြင္ ၎၏ လူမႈကြန္ရက္စာ မ်က္ႏွာမွတဆင့္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
YANGON WATER BUS ႏွင့္ပတ္သက္ေသာ ေၾကာ္ျငာခ်က္အခ်ိဳ႕ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ပါရွိျခင္း ႏွင့္ပတ္သက္၍ စမ္းေခ်ာင္းၿမိဳ႕မ ရဲစခန္းတြင္ သက္ေသအေထာက္အထားခိုင္လုံစြာရွင္းလင္းထားၿပီးျဖစ္ ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
ထိုသို႔ရွင္းလင္းထားေသာ္လည္း အမည္အမ်ိဳးမ်ိဳးျဖင့္ အႀကိမ္မ်ားစြာ သတင္းစာတြင္ ေၾကာ္ျငာမ်ားထပ္မံ ထည့္သြင္းျခင္း၊ အမႈဖြင့္ျခင္းမ်ားကို လုပ္ေဆာင္ေနျခင္းအတြက္ ၄င္းတို႔အား တိုင္ၾကားမႈမ်ားျပဳလုပ္ေနဆဲ ျဖစ္ေၾကာင္း YANGON WATER BUSမွ ဆိုထားသည္။
လက္ရွိတြင္ YANGON WATER BUS ႐ုံးခ်ဳပ္ႏွင့္ CEO ၏ကားမ်ားေပၚတြင္ ၿခိမ္းေျခာက္စာမ်ား သုံးႀကိမ္တိုင္ရရွိမႈေၾကာင့္ ခရီးသည္မ်ား ႏွင့္ ဝန္ထမ္းမ်ားလုံၿခဳံေရးအတြက္ Yangon Water Bus ေျပးဆြဲမႈကို ေခတၱရပ္နားထားမည္ျဖစ္ၿပီး လုံၿခဳံေရးဆိုင္ရာမ်ားလုပ္ေဆာင္ၿပီးပါက ျပန္လည္ဖြင့္လွစ္မည္ျဖစ္ေၾကာင္းကို အသိေပး ေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေကူမြို့နယ်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း