အစ္စရေးနိုင်ငံအနေနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးပစ်ရမှာဖြစ်ကြောင်း ဘီလျံနာအီလွန်မတ်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၈
အစ္စရေးနိုင်ငံဟာ ရွေးချယ်စရာမရှိကြောင်း၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကို ဖျက်ဆီးပစ်ရမှာဖြစ်ကြောင်း ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်က ပြောဆိုလိုက်ပါတယ်။
အီလွန်မတ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးနိုင်ငံကို သွားရောက်ခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု၊ အစ္စရေး သမ္မတတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဝန်ကြီးချုပ်က "အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာဒေသရှိ ပြည်သူတွေနောက်မှာ ပုန်းနေတဲ့ လူသတ်သမား ဟားမက်စ်အုပ်စုတွေကို ဖြိုခွင်းနိုင်ဖို့ လုပ်ဆောင်နေတယ်" လို့ ပြောပါတယ်။
အီလွန်မတ်ကလည်း နေတန်ရာဟုရဲ့ပြောဆိုချက်တွေကို အားပေးထောက်ခံကြောင်း သိရပါတယ်။ နေတန်ရာဟု က "ဂါဇာဒေသပြည်သူတွေ ဘဝရှင်သန်နေထိုင်မှုပိုမိုကောင်းမွန်စေဖို့ နဲ့ လုံခြုံမှုရှိဖို့ဆိုရင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကို သုတ်သင်ရမယ်" လို့ ပြောပါတယ်။
အီလွန်မတ်ကလည်း "အစ္စရေးမှာ ရွေးချယ်စရာမရှိဘူး။ အစ္စရေးနဲ့ ဂါဇာဒေသ ခိုင်မြဲဖို့ လိုအပ်တယ်။ လူသတ်ဖို့ ရည်ရွယ်နေသူတွေနဲ့ အကြမ်းဖက်သမားတွေကို သုတ်သင်ရမယ်" လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေဟာ ကလေးငယ်သေဆုံးစေတဲ့ပုံစံမျိုးနဲ့ လူတွေထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်နေကြောင်း၊လူတွေရဲ့စိတ်ကို သက်ရောက်မှုဖြစ်လာစေနိုင်တဲ့ ဝါဒဖြန့်ချီမှုတွေအများကြီး လုပ်ဆောင်ခဲ့ ကြောင်း အီလွန်မတ်က ပြောပါတယ်။
အီလွန်မတ်က ၎င်းရဲ့ X မီဒီယာဟာ အစ္စရေးဆန့်ကျင်ရေးတွေကို သည်းခံနေပြီး ပိုစ့်များတင်ခွင့်ပြုနေကြောင်း ဝေဖန်မှုတွေလည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။ အီလွန်မတ်ရဲ့ Starlink ဂြိုလ်တုများကို အစ္စရေးအစိုးရရဲ့ခွင့်ပြုချက်နဲ့အညီ ဂါဇာဒေသနဲ့ အစ္စရေးနိုင်ငံတို့မှာ အသုံးပြုခွင့်ပေးဖို့ သဘောတူညီခဲ့တယ်လို့လည်း အစ္စရေးဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း ထူးခြားဖြစ်စဥ် သတင်းထူးများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း