ပြည်တွင်း ဘုရားဖူးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ဒီဇင်ဘာလကုန် နောက်ဆုံးထားကာ အသိအမှတ်ပြု လက်မှတ်လျှောက်ထားရန် အသိပေး
ယွန်း (NSS) - နိုဝင်ဘာ ၂၆
ပြည်တွင်းဘုရားဖူးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် လာမည့်ဒီဇင်ဘာ(၃၁)ရက် နောက်ဆုံးထား၍ အသိအမှတ်ပြုလက်မှတ်လျှောက်ထားရန် အသိပေးကြေညာထားသည်။
ပြည်တွင်း ဘုရားဖူးအသင်းအမှုဆောင်အဖွဲ့က ယခုရက်ပိုင်းအတွင်း နိုင်ငံပိုင်သတင်းစာများ၌ အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းဘုရားဖူးလုပ်ငန်းလုပ်ကိုင်သည့် အသင်းဝင်(၆ဝဝ)ကျော်ရှိသော်လည်း အမှန်တကယ် အသိအမှတ်ပြုလက်မှတ် လျှောက်ထားသူဦးရေမှာ (၄ဝ)ဦးခန့်သာရှိကြောင်း ပြည်တွင်းဘုရားဖူးအသင်းထံမှ သိရသည်။
“ကျွန်တော်တို့အသင်းမှာက အသင်းဝင်(၆ဝဝ)လောက်ရှိကြတယ် ဒါပေမယ့် အစိုးရက ခွင့်ပြုတဲ့လိုင်စင် အသိအမှတ်ပြုလက်မှတ် လျှောက်ထားတဲ့သူက (၄ဝ)လောက်ပဲရှိတယ်။ အဲဒီတော့ ဘာအထောက်အထားမှမရှိဘဲ လုပ်ငန်းလုပ်နေတဲ့သူတွေကို အသိအမှတ်ပြုလက်မှတ်လျှောက်ထားပြီး အသင်းဝင်ရမှာပေါ့။ မလျှောက်တဲ့သူတွေ ကိုတော့ ဘယ်လိုဆက်လုပ်မှာလဲ မသိသေးပါဘူး” ဟု ပြည်တွင်းဘုရားဖူးအသင်း အမှုဆောင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
ထို့ကြောင့် အသိအမှတ်ပြုလက်မှတ်လျှောက်ထားရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီမှ လမ်းညွှန်ထားပြီး ပြည်တွင်းဘုရားဖူးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ဒီဇင်ဘာ(၃၁)ရက် နောက်ဆုံးထား၍ လျှောက်ထားရန် ကြေညာချက်တွင် ဖော်ပြထားသည်။
အသိအမှတ်ပြုလက်မှတ်လျှောက်ထားသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးမှတဆင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်များအား ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်မှစတင်၍ သတ်မှတ်ချက် နှင့် အညီ ဝန်ဆောင်မှုပေးခြင်း ရှိ/မရှိကို သက်ဆိုင်ရာဌာနများမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်း ဘုရားဖူးအသင်း အမှုဆောင်အဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး-ဟားမက်စစ်ပွဲအတွင်း သတင်းထောက်များ အသေအပျောက်စာရင်းကို CPJ ထုတ်ပြန်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း