ပအိုဝ်းဒေသအထိ ရထားလမ်းပြေးဆွဲပေးနိုင်ရေးဆောင်ရွက်သွားမည်ဟု တပ်ချုပ်ပြော
ရဲပြည့် (NP News) - မတ် ၉
ပအိုဝ်းဒေသအထိ ရထားလမ်းပြေးဆွဲပေးနိုင်ရေးဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၇ ရက်တွင် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးချိန်တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းသည် သာမာန်ခရီးသွားပြည်သူများ သွားလာအသုံးပြုနိုင်ရေး ၊ ကုန်စည်များပိုမိုကူးသန်းရောင်းဝယ်နိုင်ရေး၊ ဒေသတွင်းရှိ တွင်းထွက်ပစ္စည်းများ နှင့် ထုတ်ကုန်ပစ္စည်းများ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရေးနှင့် ခရီးသွားပြည်သူများအား ဆွဲဆောင်နိုင်ရန်ရည်ရွယ်ပြီး နောက်ပိုင်းတွင် ပအိုဝ်းဒေသအထိ တိုးချဲ့ပြေးဆွဲနိုင်ရေး ရည်ရွယ်ထားကြောင်း ၎င်းက ဆက် လက်ပြောသည်။
ထို့ပြင် သံလမ်းခင်းရာ၌ လမ်းခင်းကျောက်ထည့်သွင်းမှု၊ တံတားများ ထည့်သွင်းတည်ဆောက်မှုတို့ကို သတ်မှတ်အရည်အသွေးနှုန်းထားများအတိုင်း ပြည့်မီစွာခင်းကျင်းရန်လိုအပ်ကြောင်းလည်း တပ်ချုပ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လ (၇)ရက်နံနက်ပိုင်းကလည်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီတို့သည် ရှမ်းပြည်နယ်၊ ကျောက်တလုံးကြီးမြို့၌ တွေ့ဆုံခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အခြေအနေများကို မေးမြန်းခဲ့မှုများရှိခဲ့ကြောင်း သိရသည်။
zawgyi version
ပအိုဝ္းေဒသအထိ ရထားလမ္းေျပးဆြဲေပးႏိုင္ေရးေဆာင္႐ြက္သြားမည္ဟု တပ္ခ်ဳပ္ေျပာ
ရဲျပည့္ (NP News) - မတ္ ၉
ပအိုဝ္းေဒသအထိ ရထားလမ္းေျပးဆြဲေပးႏိုင္ေရးေဆာင္႐ြက္သြားမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မတ္လ ၇ ရက္တြင္ ေ႐ႊေညာင္-ေတာင္ႀကီး ရထားလမ္းပိုင္း အဆင့္ျမႇင့္တင္ေရးစီမံကိန္း လုပ္ငန္းေဆာင္႐ြက္ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆးခ်ိန္တြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေ႐ႊေညာင္-ေတာင္ႀကီး ရထားလမ္းပိုင္း အဆင့္ျမႇင့္တင္ေရးစီမံကိန္းသည္ သာမာန္ခရီးသြားျပည္သူမ်ား သြားလာအသုံးျပဳႏိုင္ေရး ၊ ကုန္စည္မ်ားပိုမိုကူးသန္းေရာင္းဝယ္ႏိုင္ေရး၊ ေဒသတြင္းရွိ တြင္းထြက္ပစၥည္းမ်ား ႏွင့္ ထုတ္ကုန္ပစၥည္းမ်ား ပိုမိုကူးသန္းေရာင္းဝယ္ႏိုင္ေရးႏွင့္ ခရီးသြားျပည္သူမ်ားအား ဆြဲေဆာင္ႏိုင္ရန္ရည္႐ြယ္ၿပီး ေနာက္ပိုင္းတြင္ ပအိုဝ္းေဒသအထိ တိုးခ်ဲ႕ေျပးဆြဲႏိုင္ေရး ရည္႐ြယ္ထားေၾကာင္း ၎က ဆက္ လက္ေျပာသည္။
ထို႔ျပင္ သံလမ္းခင္းရာ၌ လမ္းခင္းေက်ာက္ထည့္သြင္းမႈ၊ တံတားမ်ား ထည့္သြင္းတည္ေဆာက္မႈတို႔ကို သတ္မွတ္အရည္အေသြးႏႈန္းထားမ်ားအတိုင္း ျပည့္မီစြာခင္းက်င္းရန္လိုအပ္ေၾကာင္းလည္း တပ္ခ်ဳပ္က ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ မတ္လ (၇)ရက္နံနက္ပိုင္းကလည္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ ဦးေအာင္ခမ္းထီတို႔သည္ ရွမ္းျပည္နယ္၊ ေက်ာက္တလုံးႀကီးၿမိဳ႕၌ ေတြ႕ဆုံခဲ့ၾကၿပီး ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၏ အေျခအေနမ်ားကို ေမးျမန္းခဲ့မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘုရားဖူးပြန်လာသည့်ကား မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် (၆)နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် အရပ်သား(၃)ဦးသေဆုံး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း