မလေးရှားနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား (၁၁)ဦးကို မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၃
မလေးရှားရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား (၁၁)ဦးကို နိုဝင်ဘာလ ၂၁ ရက်၊ ညပိုင်းက ဖမ်ဆီးနိုင်ခဲ့ကြောင်း မလေးရှားသတင်းများတွင်ဖော်ပြထားသည်။
မလေးရှားရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သူ အာရမ်ဒေါ်လာက မလေးရှားအမှတ် ၈ ရဲတပ်ရင်းမှတပ်ဖွဲ့ဝင်များသည် Kampung Neting ဒေသတွင် မြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက "နိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းနေသူတွေ ရှိတယ်ဆိုတဲ့သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးခဲ့တယ်။ တရားမဝင် ရွှေ့ပြောင်းသွားလာသူတွေကို တင်ဆောင်လာတဲ့ သံသယဖြစ်ဖွယ် ကားနှစ်စီးကိုတွေ့ရှိဖမ်းဆီးခဲ့တယ်"ဟု ပြောသည်။
အဆိုပါကားနှစ်စီးသည် မလေးရှားရဲတပ်ဖွဲ့ဝင်များကိုတွေ့မြင်ချိန်တွင် အရှိန်မြှင့်မောင်းနှင်မှုကြောင့်လိုက်လံဖမ်းဆီးခဲ့ရကြောင်း ၎င်းကပြောသည်။ ကားသမားနှစ်ဦးအနက်တစ်ဦးက ထွက်ပြေးသွားခဲ့ကြောင်း၊ ကားသမားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ကားနှစ်စီးကိုစစ်ဆေးချိန်တွင် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ရန်ကြိုးပမ်းသူ ၁၁ဦးကို တွေ့ရှိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် အာရမ်ဒေါ်လာ ကပြောသည်။
အဆိုပါတရားမဝင် ရွှေ့ပြောင်းသွားလာသူ ၁၁ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ပြီး အမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၅ ဦးဖြစ်ကြောင်း အာရမ်ဒေါ်လာက ထပ်မံပြောဆိုထားသည်။
၎င်းက "ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၁၁ ဦးဟာ အသက် ၂၀နဲ့ ၄၁နှစ်အရွယ်ကြားရှိနေပါတယ်။ အဲဒီလူ အားလုံးဟာ တရားဝင်အထောက်အထား စာရွက်စာတမ်းတွေမရှိပါဘူး။ မလေးရှားနိုင်ငံထဲကိုတရားမဝင် ဝင်ရောက်လာသူတွေဖြစ်ပါတယ်"ဟု ပြောသည်။
ထို့ပြင် မလေးရှားရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ မြန်မာနိုင်ငံသားများကိုတရားမဝင် ပို့ဆောင်ရန် ကြိုးပမ်းသော မလေးရှားနိုင်ငံသားကို အသေးစိတ်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲသွားမည်ဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်လာရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား (၅၀၀၀)ကျော်ကို တစ်လနီးပါးအတွင်း လွှဲပြောင်းပေးခဲ့
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း