မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်လာရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား (၅၀၀၀)ကျော်ကို တစ်လနီးပါးအတွင်း လွှဲပြောင်းပေးခဲ့
ယွန်း (NP News) - နိုဝင်ဘာ ၂၃
နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း တရားမဝင်လာရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား(၅၀၀၀)ကျော်ကို တစ်လနီးပါးအတွင်း တရုတ်နိုင်ငံရှိ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း နစကမှ နိုဝင်ဘာလ(၂၂)ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံမှတာဝန်ရှိသူများသည် နိုဝင်ဘာလ(၂၂)ရက်တွင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား(၁၀၉၁)ဦး နှင့် အမျိုးသမီး(၁၉၇)ဦး စုစုပေါင်း (၁၂၈၈)ဦးတို့ကို စိစစ်ဖော်ထုတ်၍ တရုတ်နိုင်ငံ တာဝန်ရှိသူများထံ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
နစကအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ(၃၁)ရက်မှစတင်၍ မြန်မာနိုင်ငံအတွင်း တရားမဝင်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသားများအား ၎င်းတို့၏နိုင်ငံသို့ ပြန်လည်လွှဲပြောင်းမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အောက်တိုဘာလ(၃၁)ရက်မှ နိုဝင်ဘာလ(၂၂)ရက်အထိ တစ်လနီးပါးအတွင်း တရုတ်နိုင်ငံ သား (၅၂၀၆)ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး လိုအပ်သည့်စိစစ်ခြင်းများဆောင်ရွက်၍ တရုတ်နိုင်ငံမှတာဝန်ရှိသူများထံသို့ ပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါလွှဲပြောင်းမှုများအနက် တရုတ်နိုင်ငံသား အမျိုးသား(၄၈၂၄)ဦး နှင့် အမျိုးသမီး(၃၈၂)ဦး စုစုပေါင်း(၅၂၀၆)ဦး ပါဝင်ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
အချို့သောပြည်ပနိုင်ငံသားများသည် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိ၍ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ထို့ပြင် နစကအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် ပြည်ပနိုင်ငံသားများကို စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလုပ်သမားအခွင့်ရေးချိုးဖောက်မှုကြောင့် မြန်မာ နဲ့ ထိုင်းအလုပ်လုပ်ကိုင်အေဂျင်စီတွေကို ထိုင်းအစိုးရ အပြစ်ပေးအရေးယူ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း