ရန်ကုန်တွင် ရေကစား မဏ္ဍပ်အကြီး ၊ အလတ်တို့ကိုခွင့်ပြုပေးမည်ဖြစ်ပြီး မနက်ဖြန်မှစ၍ လျှောက်ထားနိုင်မည်
ယွန်း (NP News) - မတ် ၈
ရေကစားမဏ္ဍပ်များ တည်ဆောက်ရန် လျှောက်လွှာတင်သွင်းခြင်းကို မတ်လကုန်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတ်လ(၇)ရက်တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
မကြာမီကျရောက်မည့် သင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းတွင် ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပနိုင်ရန် ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ကြောင့် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရေရရှိမှုအခြေအနေပေါ်မူတည်၍ မိသားစုမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များကိုခွင့်ပြုပေးသွားမည်ဖြစ်သည်။
အလားတူ ယာဉ်ကြောကြပ်တည်းမှု အခြေအနေများအပေါ်မူတည်၍ မဏ္ဍပ်အကြီး နှင့် အလတ်များကို ခွင့်ပြုနေရာချထားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့ဖြစ်၍ ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများအနေဖြင့် မဏ္ဍပ်အမျိုးအစားအလိုက် ခွဲခြား၍ သတ်မှတ်လျှောက်လွှာပုံစံများဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ထောက်ခံချက်နှင့်အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)သို့ လျှောက်ထားနိုင်ကြောင်း အစိုးရအဖွဲ့မှထုတ်ပြန်ထားသည်။
ထိုသို့လျှောက်ထားပြီး မဏ္ဍပ်နေရာချထားရေး နှင့် ကြံ့ခိုင်မှုစစ်ဆေးရေးလုပ်ငန်းကော်မတီ၏ စိစစ်ချက်ဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၏ အတည်ပြုခွင့်ပြုချက်ရရှိမှသာ မဏ္ဍပ်ဆောက်လုပ်ခွင့်အား စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှောက်ထားခွင့်အား မတ်လ(၉)ရက်မှ (၃၁)ရက်အထိ လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ပြီး လျှောက်လွှာများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား) တွင် ရယူနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သတ်မှတ်ရက်ထက် နောက်ကျလျှောက်ထားလာသည့် လျှောက်လွှာများကို လက်ခံပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ထည့်သွင်းကြေညာထားသည်။
zawgyi version
ရန္ကုန္တြင္ ေရကစား မ႑ပ္အႀကီး ၊ အလတ္တို႔ကိုခြင့္ျပဳေပးမည္ျဖစ္ၿပီး မနက္ျဖန္မွစ၍ ေလွ်ာက္ထားႏိုင္မည္
ယြန္း (NP News) - မတ္ ၈
ေရကစားမ႑ပ္မ်ား တည္ေဆာက္ရန္ ေလွ်ာက္လႊာတင္သြင္းျခင္းကို မတ္လကုန္အထိ လက္ခံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ မတ္လ(၇)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
မၾကာမီက်ေရာက္မည့္ သၾကၤန္ပြဲေတာ္ကို ရန္ကုန္တိုင္းတြင္ ႐ိုးရာယဥ္ေက်းမႈႏွင့္အညီ က်င္းပႏိုင္ရန္ ေကာ္မတီမ်ားဖြဲ႕စည္း၍ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထို႔ေၾကာင့္ သၾကၤန္ကာလအတြင္း ေရကစားမ႑ပ္မ်ားကို သတ္မွတ္စည္းကမ္းမ်ားႏွင့္အညီ ေရရရွိမႈအေျခအေနေပၚမူတည္၍ မိသားစုမ႑ပ္မ်ား၊ ေဖ်ာ္ေျဖေရး မ႑ပ္မ်ားကိုခြင့္ျပဳေပးသြားမည္ျဖစ္သည္။
အလားတူ ယာဥ္ေၾကာၾကပ္တည္းမႈ အေျခအေနမ်ားအေပၚမူတည္၍ မ႑ပ္အႀကီး ႏွင့္ အလတ္မ်ားကို ခြင့္ျပဳေနရာခ်ထားေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
သို႔ျဖစ္၍ ေရကစားမ႑ပ္ ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ မ႑ပ္အမ်ိဳးအစားအလိုက္ ခြဲျခား၍ သတ္မွတ္ေလွ်ာက္လႊာပုံစံမ်ားျဖင့္ သက္ဆိုင္ရာ ခ႐ိုင္/ၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔၏ ေထာက္ခံခ်က္ႏွင့္အတူ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္း၊ တံတား)သို႔ ေလွ်ာက္ထားႏိုင္ေၾကာင္း အစိုးရအဖြဲ႕မွထုတ္ျပန္ထားသည္။
ထိုသို႔ေလွ်ာက္ထားၿပီး မ႑ပ္ေနရာခ်ထားေရး ႏွင့္ ႀကံ့ခိုင္မႈစစ္ေဆးေရးလုပ္ငန္းေကာ္မတီ၏ စိစစ္ခ်က္ျဖင့္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕႐ုံး၏ အတည္ျပဳခြင့္ျပဳခ်က္ရရွိမွသာ မ႑ပ္ေဆာက္လုပ္ခြင့္အား စတင္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေလွ်ာက္ထားခြင့္အား မတ္လ(၉)ရက္မွ (၃၁)ရက္အထိ ေလွ်ာက္ထားေဆာင္႐ြက္ရမည္ျဖစ္ၿပီး ေလွ်ာက္လႊာမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္း၊ တံတား) တြင္ ရယူႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
သတ္မွတ္ရက္ထက္ ေနာက္က်ေလွ်ာက္ထားလာသည့္ ေလွ်ာက္လႊာမ်ားကို လက္ခံေပးမည္မဟုတ္ေၾကာင္း ရန္ကုန္တိုင္း အစိုးရအဖြဲ႕မွ ထည့္သြင္းေၾကညာထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါတီများနှင့် မဲဆန္ဒရှင်များက လက်ခံသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများကို တရုတ်သံအမတ်အား UEC ရှင်းပြ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း