အင်းစိန်မြို့နယ်၌ သံဃာတော်တစ်ပါးလမ်းလျှောက်နေစဉ် ကားတစ်စီးမှ ဝင်တိုက်မှုဖြစ်ပွား
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် လမ်းလျှောက်နေသည့် သံဃာတော်တစ်ပါးအား ကားတစ်စီးမှ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(နိုဝင်ဘာ ၁၈ ရက်)၊ ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်၊ (ခ-၇)လမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မျက်မြင်တွေ့သူတွေပြောပြတာတော့ HONDA FIT အမဲရောင်ကားလေးက လမ်းလျှောက်နေတဲ့ သံဃာတေ်ကို တိုက်ပြီးမောင်းပြေးသွားတာလို့ ပြောကြတယ်” ဟု အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ ယာဉ်တိုက်ခံရဿာ သံဃာတော်သည် ပေါက်တောဝရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် သီတင်းသုံးနေထိုင်သည့် သက်တော်(၃ဝ)ဝန်းကျင်ရှိ သံဃာတော်တစ်ပါးဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်ခံရမှုကြောင့် သံဃာတော်တွင် ဦးခေါင်းထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အထက်ပါ သူနာပြုတပ်ဖွဲ့မှ ဆိုသည်။
“ကားအတိုက်ခံရတဲ့ သံဃာတော်က ဦးခေါင်းချိုစောင်းပေါက်ပြီး သွေးထွက်လွန်နေတာ။ အဲဒါနဲ့ သွေးတိတ်အောင်လုပ်ပြီး ဆေးရုံပို့ပေးလိုက်တယ်။ အရမ်းကြီး စိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယာဉ်တိုက်ခံရသည့် သံဃာတော်အား အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြေပြင်ဆေးကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကသိုလ်စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသားများပါသော ယာဥ်တစ်စီးကို အိမ်စီးကားမှ ဝင်တိုက်ခဲ့ရာ လူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း