မူးယစ်ဆေးဝါးထုတ်လုပ်ရန်အသုံးပြုမည့် ထိန်းချုပ်ဓာတုပစ္စည်းများကို (၁၂)ဘီးကားနှင့်အတူ ပုသိမ်ကြီးမြို့နယ်၌ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၈
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးထုတ်လုပ်ရန် အသုံးပြုမည့် ငွေကျပ်သိန်း(၂၈၀၀)ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော နိုဝင်ဘာလ ၁၀ ရက်၊ ည ၉နာရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ထုံဘိုကျေးရွာအနီးတွင် မြစ်ငယ်ဘက်မှ အုန်းချောဘက်သို့ ဇင်မင်းထွန်း မောင်းလာသည့် NISSAN DIESEL(၁၂)ဘီးကား နှင့် ချမ်းသူမောင်းကာ ထွန်းလင်း လိုက်လာသော HINO PROFIA ကားတို့ကို သတင်းအရ ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ရှာဖွေခဲ့ရာ ကား(၂)စီးပေါ်မှ ပီပါ(၁၄၂)လုံး၊ ပလက်စတစ်ကော်ပုံး(၃၆)ပုံးတို့ဖြင့်ထည့်လျက် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂၈၀၀)ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် Hydrochloric Acid ၃၆၀ လီတာ၊ Sulphuric Acid ၇၂၀ လီတာနှင့် အခြားဓာတုပစ္စည်းများဖြစ်သည့် Benzene ၁၃၆၈၀ လီတာ၊ Ethyl Acetate ၁၁၅၂၀ လီတာတို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းဖမ်းဆီရမိသည့် ဓာတုပစ္စည်းများကို ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးထုတ်လုပ်ရန်အတွက် မန္တလေးတိုင်းမှ သယ်ဆောင်လာသည်ဟု ဖော်ထုတ်သိရှိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးတပ်ဖွဲ့က ဆိုသည်။
ထို့ကြောင့် ၎င်းတို့(၃)ဦးကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံသို့ Tomahawk ဒုံးကျည်အစင်း(၄၀၀)ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း