ဖမ်းဝရမ်းထုတ်ထားသည့် တရုတ်နိုင်ငံသား(၄) ဦးအနက် (၃) ဦးကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိ
ကျော် (NSS) - နိုဝင်ဘာ ၁၆
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးမှ ဖမ်းဝရမ်းထုတ်ထားသည့် တရုတ်နိုင်ငံသား ၄ ဦးအနက် ၃ ဦးကို ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများမှတဆင့် အသိပေးထုတ်ပြန်ကြေညာထားသည်။
ဖမ်းဝရမ်းထုတ်ထားသူ ၄ ဦးအနက်မှ မြီရှောက်ချန်း၊ မြီကော်ဖျင်း(ခ)မြီရှောက်ဖျင်း နှင့် မြီကျိန်းကျိန်းတို့အား ယနေ့ နံနက်ပိုင်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးစဉ် မြီရှောက်ချန်းသည် ၎င်းတရားမဝင်ကိုင်ဆောင်ထားရှိသည့် ပစ္စတိုသေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူနိုင်ရေးအတွက် တရုတ်နိုင်ငံသို့ ယနေ့ နေ့လည် ၁ နာရီ ၅ဝ မနစ်အချိန်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစကဘက်က သတင်းထုတ်ပြန်ထားသည်။
သို့သော် မြီရှောက်ချန်း၏ ရုပ်အလောင်းအား တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲ လိုအပ်သည်များ စစ်ဆေးအတည်ပြုမှုများဆောင်ရွက်ခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။
မြီရှောက်ချန်း၊ မြီကော်ဖျင်း(ခ)မြီရှောက်ဖျင်း၊ မြီကျွီလန် နှင့် မြီကျိန်းကျိန်းတို့ (၄)ဦးသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူများကို သွေးဆောင်ခေါ်ယူမှုများ၊ လူပြန်ပေးခြင်းများ၊ တရားမဝင်ချုပ်နှောင်၍ ခြောက်လှန့်တောင်းယူမှုများကို အားပေးကူညီခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးမှ ယမန်နေ့(နိုဝင်ဘာလ ၁၅ ရက်)က ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် (CI) သက်သေခံလက်မှတ် ပျောက်ဆုံးသွားပါက (PJ)နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း