ရန်ကုန်-မန္တလေးရထားလမ်း ထပ်မံမိုင်းခွဲခံရ၊ အခင်းဖြစ်စဉ်အနီး ပလတ်စတစ်ပုံးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း(၇)လုံး ထပ်မံတွေ့ရှိ
စော (NSS) - နိုဝင်ဘာ ၁၅
ရန်ကုန်-မန္တလေးရထားလမ်း ထပ်မံမိုင်းခွဲခံရပြီး အခင်းဖြစ်စဉ်အနီး၌ ပလတ်စတစ်ပုံးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း(၇)လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာလ ၁၄ ရက်)၊ နံနက်(၇)နာရီခွဲအချိန်တွင် ရန်ကုန်-မန္တလေးရထားလမ်း၊ ဒိုက်ဦးဘူတာ နှင့် ပြွန်တန်ဆာဘူတာကြား ၊ မိုင်တိုင် (၈၅/၁-၂)ရှိ တံတားအမှတ် (၁၁၆/A)အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သမားများက အဆိုပါ ရထားလမ်းအား မိုင်ထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတားအစွန်ကွန်ကရစ်ခုံ (၃)ပေပတ်လည်ခန့် ပျက်စီးခဲ့ကြောင်း မြန်မာ့မီးရထားမှ ပြောသည်။
ထို့ကြောင့် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ တံတားပေါ်ရှိ သံလမ်းနှစ်ခုကြားတွင် ပလပ်စတစ်ကော်ပုံးနှင့် ထည့်ထားသည့် လက်လုပ်မိုင်း (၃)လုံး၊ တံတားအောက်တွင် လက်လုပ်မိုင်း (၄)လုံးကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လက်လုပ်မိုင်းများကို သက်မဲ့ပြုလုပ်ကာ ရှင်းလင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာအတွင်း မြန်မာ့မီးရထားဝန်ထမ်းများက ပျက်စီးသွားသော ရထားလမ်းအား ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ရထားလမ်းအား ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများက ပြီးခဲ့သည့် (၂၀၂၁)ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှစ၍ လက်ရှိအချိန်ထိ ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲမှု (၁၇၄)ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရထားဘူတာအဆောက်အဦး နှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းကို အကြမ်းဖက် သမားများအနေဖြင့် (၁၂)ကြိမ်ခန့် ကျူးလွန်ထားကြောင်း မြန်မာ့မီးရထားမှ ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား အစီအစဥ်အတိုင်း ဆက်လက်ကျင်းပမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း