ရန်ကုန်မြို့ရှိ ကန်တော်ကြီးဥယျာဉ်၌ ရေနစ်သေဆုံးနေသည့် သက်ကြီးပိုင်းအမျိုးသမီး အလောင်းတွေ့ရှိ
စော (NSS) - နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီးဥယျာဉ်၌ ရေနစ်သေဆုံးနေသည့် သက်ကြီးပိုင်း အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းကို ယနေ့(နိုဝင်ဘာလ ၁၄ ရက်)၊ နံနက် (၇)နာရီအချိန်တွင် ကန်တော်ကြီးဥယျာဉ်ရှိ ကရဝိတ်ဖောင်အနီး၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒီဃာယုကလူမှုကူညီရေးအသင်းထံမှ သိရသည်။
“အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေကတွေ့လို့ ဖုန်းဆက်လှမ်းခေါ်တာပါ။ သူဘာကြောင့် ရေနစ်တာလဲတော့ မသိပါဘူး။ စစ်တော့ ပြင်ပဒဏ်ရာတော့ မရှိပါဘူး။ သူပန်ထားတဲ့ နားကပ်တစ်စုံတော့ပါပါတယ်။ အခြားပစ္စည်းတော့ မတွေ့ပါဘူး”ဟု ဒီဃာယုက လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသမီးသည် အသက် (၆၀)ဝန်းကျင်ရှိပြီး ၎င်း၏ ကိုယ်ပေါ်တွင် နားကပ်တစ်စုံကိုသာ တွေ့ရကြောင်း ၎င်းကဆက်လက်ပြောကြားထားသည်။
လက်ရှိတွင် ရုပ်အလောင်းကို ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ၎င်း၏မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသေးကြောင်းနှင့် သိရှိသူများအနေဖြင့် ဆက်သွယ်ပေးရန်လည်း မေတ္တာရပ်ခံထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ငူမြို့၌ မွေးကင်းစကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူက လမ်းဘေးတွင် စွန့်ပစ်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း