စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်၌ ရေဆင်းကူးခဲ့သော ကိုရင်(၃)ပါးရေနစ်ခဲ့ရာ (၁)ပါးပျံလွန်တော်မူ
Pearl (NP News) - မတ် ၆
စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်ဘေးရှိ ဧမြဝတီရေဆိပ်တွင် ကိုရင်(၃)ပါးရေနစ်ရာ (၁)ပါးပျံလွန်တော်မူသွားခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၅ ရက်)တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ဧရာဝတီမြစ်ဘေး၊ ဧမြဝတီရေဆိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရေဆိပ်တွင် ကိုရင် (၃)ပါး ရေးချိုးရာမှ ရေနစ်သွားခဲ့ကြောင်းသတင်းအရ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းမှသွားရောက်၍ ကယ်ဆယ်ရေးများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကယ်ဆယ်ရေးများပြုလုပ်ခဲ့ရာ ကိုရင်(၂)ပါးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုနောက် ပျောက်ဆုံးနေသောကိုရင်တစ်ပါးအား ဆက်လက်ရှာဖွေခဲ့ရာ ရေအောက်တွင် တွေ့ရှိခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ ဆိုထားသည်။
သေဆုံးခဲ့သည့် ကိုရင်၏ရုပ်အလောင်းအား သုခကာရီ နာရေးယာဉ်ဖြင့် စစ်ကိုင်းဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
စစ္ကိုင္းၿမိဳ႕ရွိ ဧရာဝတီျမစ္၌ ေရဆင္းကူးခဲ့ေသာ ကိုရင္(၃)ပါးေရနစ္ခဲ့ရာ (၁)ပါးပ်ံလြန္ေတာ္မူ
Pearl (NP News) - မတ္ ၆
စစ္ကိုင္းၿမိဳ႕၊ ဧရာဝတီျမစ္ေဘးရွိ ဧျမဝတီေရဆိပ္တြင္ ကိုရင္(၃)ပါးေရနစ္ရာ (၁)ပါးပ်ံလြန္ေတာ္မူသြားခဲ့ေၾကာင္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ စစ္ကိုင္းထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၅ ရက္)တြင္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕ ဧရာဝတီျမစ္ေဘး၊ ဧျမဝတီေရဆိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါေရဆိပ္တြင္ ကိုရင္ (၃)ပါး ေရးခ်ိဳးရာမွ ေရနစ္သြားခဲ့ေၾကာင္းသတင္းအရ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ စစ္ကိုင္းမွသြားေရာက္၍ ကယ္ဆယ္ေရးမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ကယ္ဆယ္ေရးမ်ားျပဳလုပ္ခဲ့ရာ ကိုရင္(၂)ပါးအား အသက္ရွင္လ်က္ ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထိုေနာက္ ေပ်ာက္ဆုံးေနေသာကိုရင္တစ္ပါးအား ဆက္လက္ရွာေဖြခဲ့ရာ ေရေအာက္တြင္ ေတြ႕ရွိခဲ့ရေၾကာင္း ကယ္ဆယ္ေရးအဖြဲ႕မွ ဆိုထားသည္။
ေသဆုံးခဲ့သည့္ ကိုရင္၏႐ုပ္အေလာင္းအား သုခကာရီ နာေရးယာဥ္ျဖင့္ စစ္ကိုင္းေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်အပေါ် တိုက်ခိုက်မှုဖြစ်နိုင်ချေရှိမှုနှင့်ပတ်သက်၍ IAEA အကြီးအကဲမှတ်ချက်ကို နေတန်ယာဟု ပယ်ချ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း