ဗြိတိန်ဝန်ကြီးချုပ်က ပါလက်စတိုင်းထောက်ခံပွဲနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်မှတ်ချက်စကားတွေပြောခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၃
ဗြိတိန်ပြည်ထဲရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လန်ဒန်မြို့မှာကျင်းပတဲ့ ပါလက်စတိုင်းထောက်ခံပွဲနဲ့ပတ်သက်ပြီး အမုန်းတရားဖြစ်စေတဲ့ ဝေဖန်ပြစ်တင်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်းသိရပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဝန်ကြီးချုပ်ဆူနက်ဟာ ပြည်ထဲရေးဝန်ကြီး ဘရာဗာမန်ကို ရာထူးကနေထုတ်ပယ်လိုက်ကြောင်း၊ သူမရဲ့မှတ်ချက်စကားကြောင့် အငြင်းပွားမှုတွေဖြစ်လာခဲ့ရာကနေ ရာထူးကထုတ်ပယ်ခဲ့တာမျိုးဖြစ်ကြောင်း ဆိုပါတယ်။
ဒါ့ပြင် ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦးဟာလည်း မိသားစုနဲ့ သားသမီးတွေကို အချိန်ပိုပေးလိုတဲ့အတွက် အကြောင်းပြကာရာထူးက နုတ်ထွက်သွားခဲ့ကြောင်းသိရပါတယ်။ ဂါဇာဒေသမှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံရဲ့လန်ဒန်မြို့အပါအဝင် မြို့တွေမှာ အစ္စရေးဆန့်ကျင်ရေး၊ ဆန္ဒပြပွဲတွေ၊ ပါလက်စတိုင်းထောက်ခံရေးဆန္ဒပြပွဲတွေဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်အစိုးရဟာ ဂါဇာဒေသစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံနဲ့အတူ အစ္စရေးနိုင်ငံဘက်က ရပ်တည်နေကြောင်းသိရပါတယ်။
ဂါဇာဒေသ စစ်ပွဲနဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေကြားမှာလည်း သဘောထားကွဲလွဲမှုတွေရှိနေပြီး ပြင်သစ်သမ္မတမက်ခရွန်က စစ်ပွဲရပ်တန့်ဖို့ တောင်းဆိုထားသလို ဂျာမနီ၊ အမေရိကန်နိုင်ငံ နဲ့ ဗြိတိန်နိုင်ငံတို့က အစ္စရေးက ခုခံကာကွယ်ခွင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ပွဲကို အပစ်ခတ်ရပ်စဲဖို့တောင်းဆိုနေပေမယ့် အစ္စရေးဘက်က တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံအပြင် ကမ္ဘာတဝှမ်းရှိမြို့အချို့မှာလည်း ပါလက်စတိုင်းထောက်ခံပွဲတွေကိုဆက်တိုက်လုပ်ဆောင်နေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဂျပန်အသင်း နှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်ကစားသမားစာရင်းထုတ်ပြန်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း