နွေရာသီ၌ စက်မှုဇုန်များတွင် စက်သုံးဆီ လုံလောက်စွာရရှိရန် ဆွေးနွေး
ယွန်း (NP News) - မတ် ၅
နွေရာသီ၌ စက်မှုဇုန်များတွင် စက်သုံးဆီ လုံလောက်စွာရရှိရန် စက်သုံးဆီလုပ်ငန်းရှင်များနှင့် စက်မှုဇုန်လုပ်ငန်းရှင်များက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို မတ်လ(၃)ရက်က မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI) တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် နွေရာသီ၌ စက်သုံးဆီလုံလောက်စွာ ရရှိရေးနှင့် လွယ်ကူစွာဝယ်ယူရရှိနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်မှုဇုန်များအတွက် လျှပ်စစ်မီးရရှိနိုင်ရေးနှင့် စက်သုံးဆီများ လွယ်ကူစွာဝယ်ယူ၍ မရခြင်း အပြင် စျေးကွက်အတွင်း မလိုအပ်ဘဲ စက်သုံးဆီများ ဝယ်ယူစုဆောင်းမှုများ မဖြစ်ပေါ်စေရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ စက်မှုဇုန်များအပြင် စက်မှုဇုန်ပြင်ပရှိ SME လုပ်ငန်းများကိုလည်း စက်သုံးဆီရရှိစေရေးနှင့် ရောင်းချသူများမှလည်း အမှန်တကယ်ရောင်းချပေးရေးကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် စက်မှုဇုန်များအနေဖြင့် လျှပ်စစ်ဓာတ်အားကို အချိန်ပိုင်းသာ ရရှိသုံးစွဲနေရကြောင်း သိရပြီး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း လုပ်ငန်းရှင်များက ထုတ်ဖော်ပြောဆိုထားသည်။
zawgyi version
ေႏြရာသီ၌ စက္မႈဇုန္မ်ားတြင္ စက္သုံးဆီ လုံေလာက္စြာရရွိရန္ ေဆြးေႏြး
ယြန္း (NP News) - မတ္ ၅
ေႏြရာသီ၌ စက္မႈဇုန္မ်ားတြင္ စက္သုံးဆီ လုံေလာက္စြာရရွိရန္ စက္သုံးဆီလုပ္ငန္းရွင္မ်ားႏွင့္ စက္မႈဇုန္လုပ္ငန္းရွင္မ်ားက ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေဆြးေႏြးပြဲကို မတ္လ(၃)ရက္က ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI) တြင္ က်င္းပခဲ့ျခင္းျဖစ္သည္။
အစည္းအေဝးတြင္ ေႏြရာသီ၌ စက္သုံးဆီလုံေလာက္စြာ ရရွိေရးႏွင့္ လြယ္ကူစြာဝယ္ယူရရွိႏိုင္ေရးတို႔ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စက္မႈဇုန္မ်ားအတြက္ လွ်ပ္စစ္မီးရရွိႏိုင္ေရးႏွင့္ စက္သုံးဆီမ်ား လြယ္ကူစြာဝယ္ယူ၍ မရျခင္း အျပင္ ေစ်းကြက္အတြင္း မလိုအပ္ဘဲ စက္သုံးဆီမ်ား ဝယ္ယူစုေဆာင္းမႈမ်ား မျဖစ္ေပၚေစေရးကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
အလားတူ စက္မႈဇုန္မ်ားအျပင္ စက္မႈဇုန္ျပင္ပရွိ SME လုပ္ငန္းမ်ားကိုလည္း စက္သုံးဆီရရွိေစေရးႏွင့္ ေရာင္းခ်သူမ်ားမွလည္း အမွန္တကယ္ေရာင္းခ်ေပးေရးကို ညႇိႏႈိင္းေဆြးေႏြးခဲ့ၾကသည္။
လက္ရွိတြင္ စက္မႈဇုန္မ်ားအေနျဖင့္ လွ်ပ္စစ္ဓာတ္အားကို အခ်ိန္ပိုင္းသာ ရရွိသုံးစြဲေနရေၾကာင္း သိရၿပီး အခက္အခဲမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း လုပ္ငန္းရွင္မ်ားက ထုတ္ေဖာ္ေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသို့ လျှပ်စစ်ကား(၄၉)စီး ထပ်မံရောက်ရှိလာပြီး ပြည်တွင်းသို့ရောက်ရှိထားသည့် ကားအစီးရေ (၁၁ဝ)ကျော်ရှိလာ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း