မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး နိုင်ငံခြားသားတွေအပါအဝင် လူပေါင်း (၁၈)ဦးကို ဗီယက်နမ်အာဏာပိုင်တွေ သေဒဏ်ပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၂
ဗီယက်နမ်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ဆက်နွယ်ပြီး လူပေါင်း ၁၈ ဦးကို သေဒဏ်ပေးလိုက်ကြောင်းသိရပါတယ်။
သေဒဏ်ပေးခံရသူတွေထဲမှာ နိုင်ငံခြားသားတွေလည်းပါဝင်နေပြီး တောင်ကိုရီးယားနိုင်ငံသားနှစ်ဦး ပါဝင်ကြောင်းသိရပါတယ်။ ကမ္ဘာ့နိုင်ငံအချို့မှာ မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး သေဒဏ်ပေးမှုတွေ ပြုလုပ်နေရာ ဗီယက်နမ်နိုင်ငံလည်းပါဝင်နေပါတယ်။ သေဒဏ်အပြစ်ပေးခံရတဲ့ တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးအနက် တစ်ဦးက တောင်ကိုရီးယားနိုင်ငံသား ရဲအရာရှိဟောင်း ဖြစ်ကြောင်းသိရပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံသား တစ်ဦး နဲ့ ဗီယက်နမ်နိုင်ငံသား ၁၅ ဦးလည်း သေဒဏ်အပြစ်ပေးခံရသူတွေထဲမှာပါဝင်ခဲ့ကြောင်းသိရပါတယ်။ ၎င်းတို့ကို မူးယစ်ဆေးဝါးမှုနဲ့ဆက်နွယ်ပြီး ဖမ်းဆီးကာသေဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါသေဒဏ်အပြစ်ပေးခံရသူအားလုံးဟာ ၂၀၂၀ ခုနှစ်က ဗီယက်နမ်နိုင်ငံထဲကို မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းဖို့ ကြိုးပမ်းခဲ့ရာမှအဖွဲ့လိုက်ဖမ်ဆီးခံရပြီး ဟိုချီမင်းတရားရုံးကသေဒဏ် ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
အာဆိယံဒေသတွင်းနိုင်ငံများအနက် ဗီယက်နမ်အပြင် စင်ကာပူနိုင်ငံဟာလည်း မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး သေဒဏ်အပြစ်ပေးမှုတွေပြုလုပ်နေတဲ့ နိုင်ငံဖြစ်ကြောင်းသိရပါတယ်။ ဗီယက်နမ်အာဏာပိုင်တွေဟာ သေဒဏ်အမိန့်ချမှတ်ခံရသူတွေကို ဘယ်လိုမျိုး သေဒဏ်အပြစ်ပေးမလဲဆိုတာ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ ဗီယက်နမ် တရားရုံးတွေဟာ ပြီးခဲ့တဲ့နှစ်ကလည်း မူးယစ်ဆေးဝါးမှုအပါအဝင်အခြားအမှုတွေနဲ့ဆက်နွယ်ပြီး လူပေါင်း ၁၀၀ ကျော်ကို သေဒဏ်ပေးခဲ့ကြောင်းသိရပါတယ်။ ဗီယက်နမ်တရားရုံးတွေဟာ၂၀၁၇ ခုနှစ်ကလည်း မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီးလူပေါင်း (၈)ဦးကိုသေဒဏ်ပေးခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း၌ စက်သုံးဆီ(၁)လစာအရန် အမြဲရှိကြောင်းနှင့် ဆီတင်သင်္ဘော (၁၅)စင်း ထပ်မံရောက်ရှိလာမည်ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း