သင်္ဃန်းကျွန်းမြို့နယ်၌ အိမ်စီးကား နှင့် ဘေးတွဲဆိုင်ကယ် တိုက်မိမှုကြောင့် လူ(၄)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင်(NSS) - နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အိမ်စီးကား နှင့် ဘေးတွဲဆိုင်ကယ်တို့ တိုက်မိမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် လူ(၄)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့(နိုဝင်ဘာလ ၁၁ ရက်)၊ ည ၁၀ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ ဘဝမြင့်ကားမှတ်တိုင်အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘေးတွဲဆိုင်ကယ်က လမ်းကြားထဲကနေ လေးထောင်ကန်လမ်းကြီးပေါ်ကို ဖြတ်တက်လာတော့ အိမ်စီးကားကလဲ သူ့လမ်းသူ မောင်းနေရင်းကနေ ရုတ်တရက်ဆိုတော့ ဝင်တိုက်မိတာပါ”ဟု Medical လူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဘေးတွဲဆိုင်ကယ်ပေါ်မှ အသက်(၅)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသားတစ်ဦး နှင့် အမျိုးသမီး (၃)ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ အသက်(၅)နှစ်အရွယ်မိန်းကလေးတစ်ဦးပါတယ်။ စုစုပေါင်းအမျိုးသမီး(၃)ဦးနဲ့ အမျိုးသားတစ်ဦးပေါ့။ အမျိုးသားက စိုးရိမ်ရတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မြေပြင်ဆေးကုသမှုများပြုလုပ်ပေးပြီးနောက် စိုးရိမ်ဖွယ်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးမှတစ်ဆင့် မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာရှိုးမြို့ရှိဘဏ်များကို တစ်နေ့လျှင် သုံးနာရီသာ ဖွင့်လှစ်ပေးနိုင်ဟု ကုလသမဂ္ဂအဖွဲ့ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း